2

176 10 0
                                    

Uni Ver

**
" အဆင်ပြေကြရဲ့လား ငါ့ကောင်တို့"

အခန်းတံခါး တွန်းဖွင့်ဝင်လာကာ မေးသည့် နိုင်ထူးကို ရဲထက် က မေးဆတ်ပြကာ
ပြေကြောင်း တုန့်ပြန်သည်။

ဘုန်းပြည့်က LapTop ပေါ် အာရုံအပြည့်ထည့်ကာ ဆွဲလက်စ Design ပုံတစ်ခုကို သဲကြီးမဲကြီး လိုက်ကြည့်လျက်။

" ဘုန်းပြည့်။ ဘာတွေ စိတ်ဝင်စားစရာတွေ့နေတာလဲ"

" မာမီ့ သူငယ်ချင်းရဲ့ ဆိုင် တဲ့။ ငါ့ကို Decoration အပ်ထားတာကွာ။ စိန်ဆိုင်ကိုမှ သာမန်ရိုးကျ မဟုတ်ဘဲ vintage ဆန်ဆန် သွားချင်တာတဲ့။ မင်း ကြည့်ကြည့် ဒီလ်ို Design က..."

ထိုးပေးလာသည့် laptop ကို ဆွဲယူရင်း ဘုန်းပြည့်​၏ မျက်နှာကို အကဲခတ်ရသည်။

မျက်ခုံးကြောများ တွန့်ရှုံ့ထားပုံက စိတ်ရှုပ်နေသည့်ဟန် အထင်းသား။

ကျိန်းသေပေါက် ဒီ Client ဟာ အလုပ်ကိစ္စထက်ပိုသည့် ပတ်သက်မှုမျိုးရှိရမည်။

ဘုန်းပြည့်နိုင် ဆိုလျှင် သားမက်တော်ချင်ကြသူတွေက ခပ်များများ မဟုတ်လား။

" Counter ခဏ သွားထိုင်လိုက်ဦးမယ်။ ဟူး.... စိတ်ရှုပ်လိုက်တာ "

ပြောပြောဆိုဆို အခန်းထဲမှ ထွက်ကာ
ဆိုင်ခန်း အရှေ့ဖက် Conter နားသွားရပ်နေတာကို မှန်တံခါးမှ တဆင့် မြင်လိုက်ရသည်။

သူတို့ သူငယ်ချင်း (၄) ယောက်က စိတ်တူကိုယ်တူ အတွဲညီကြသူတွေ။

ဘုန်းပြည့်န်ိုင်နှင့် သူက အင်ယာကျောင်းဆင်း ဖြစ်ပြီး စီးပွားဖက် ဒက်ဒီနှစ်ယောက်​၏ Company မှာ တွဲဖက် CEO တွေ ဝင်လုပ်ရင်း တစ်ဖက်ကနေလည်း ဝါသနာပါသည့် စာအုပ်ဆိုင်ကို ဖွင့်ထားကြခြင်းပင်။

ရဲထက် ကတော့ ဆရာဝန်။
သူ့အဖေ​၏ "ပါရမီ" ဆေးရုံမှာပင် အလုပ်ပြန်ဝင်နေသူ။

ကောင်းလင်း တစ်ယောက်ကတော့ သူတို့ စာအုပ်ဆိုင်ကို အသေအချာ ကြပ်မတ်နေသည့် CEO.

ဝါသနာသာ ရှိလျက် အချိန်မရှိကြသည့် သူတို့ (၃) ယောက်အစား ကောင်းလင်းက စာအုပ်ဆိုင်ကို အပြည့်အဝ တာဝန်ယူကာ တစ်ဖက်ကလည်း international school ၌ နည်းပြဆရာ ဝင်လုပ်နေခြင်းပင်။

You've reached the end of published parts.

⏰ Last updated: Mar 06 ⏰

Add this story to your Library to get notified about new parts!

အနမ်းရှိုက်သံWhere stories live. Discover now