နာမည်ကြီးကဗျာတစ်ပုဒ် ရွတ်ပြလိုက်ရင် ဆရာ့ဆရာကြီးအဖြစ် သတ်မှတ်ခံရလိမ့်မယ်။

ခဲပန်းချီပုံကြမ်းနည်းနည်းလောက် ဆွဲပြလိုက်ရင်လည်း စိတ်ကူးစိတ်သန်းကောင်းသူ၊ စွန့်ဦးတီထွင်သူအဖြစ် သတ်မှတ်ခံရလိမ့်မယ်။

အဲ့တော့ ဝိဉာဉ်ကူးပြောင်းလာသူ တစ်ယောက်အနေနဲ့ ဒီလိုကိစ္စတွေမှာ အသာစီးရနေတာ ပုံမှန်ပဲ။

မှတ်မိပါသေးရဲ့။ ‘ရာဇဝင်ထဲက အင်အားအကြီးဆုံးအရှင်’ ဝတ္ထုထဲမှာ ဇာတ်လိုက်က ကဗျာရွတ်ပွဲတစ်ခုကို ဖိတ်ခေါ်ခံခဲ့ရပြီး ထိုပွဲမှာ လှောင်ပြောင်ခံခဲ့ရတယ်။ ဇာတ်လိုက်လည်း သည်းမခံနိုင်တော့ ပေါက်ကွဲသွားတာပေါ့။ အဲ့တာကြောင့် လက်တစ်ဖက်က ဝိုင်ပုလင်းကို ဟန်ပါပါနဲ့ဆွဲယူလိုက်ပြီး ကျန်လက်တစ်ဖက်က စုတ်တံကိုဆွဲကိုင်လိုက်တယ်။ ပြီးတာနဲ့ မူလကမ္ဘာပေါ်က ရှေးဟောင်းကဗျာတစ်ပုဒ်ကို ခပ်တည်တည်နဲ့ ချရေးလိုက်ပါလေရော။ သူ့ရဲ့လှုပ်ရှားမှု၊ ကဗျာကိုဖတ်ရင်း လူတိုင်း မှင်သက်သွားကြတယ်။ ထိုဖြစ်ရပ်ကြောင့် သူ့ကိုလှောင်ပြောင်နှိမ်ချခဲ့တဲ့ လူတွေရဲ့မျက်နှာကို ဖြတ်ရိုက်နိုင်လိုက်သလို တချိန်တည်းမှာပဲ မိန်းမလှလေးတွေရဲ့ နှလုံးသားကို အရယူနိုင်ခဲ့တယ်။

ဒီလိုမျိုးရေးသားခဲ့တာက ‘ဝက်ယောင်ဆောင်ပြီး ကျားကိုစားမယ့်အကွက်’လိုမျိုး အရင်ဆုံး သိုသိုသိပ်သိပ်နေပြီး အင်အားအစစ်အမှန်ကို နောက်မှဖော်ထုတ်ရတဲ့ ဇာတ်ကွက်မျိုးကို သူ,ကြိုက်နှစ်သက်လို့ပဲ။ ဒီလိုဇာတ်ကွက်မျိုးတွေက ဇာတ်လမ်းအတက်အကျကို ဖန်တီးပေးနိုင်ပြီး စာဖတ်သူတွေလည်း သဘောကျတယ်လေ။ ဝတ္ထုတစ်ပုဒ်မှာ အကောင်းဆုံး ဇာတ်ကွက်တွေပေါ့။

(TN : ‘ဝက်ယောင်ဆောင်ပြီး ကျားကိုစားတယ်’ဆိုတာ ဘာမှမတတ်သလို ဟန်လုပ်ပြီးမှ ဆရာကြီးဆိုတဲ့လူတွေကို ဖြတ်ရိုက်တာမျိုးပါ။)

“အဲ့လောက် ယုံကြည်ချက်ရှိနေရင်လည်း သက်သေပြလေ..? မဟုတ်ရင် ကြင်ယာတော်လောင်းတွေနဲ့ လာယှဉ်ပြိုင်လှည့်..”

ကံဆိုးစွာဖြင့် ထိုလူအုပ်ကြီးက ရွှယ်ယို့ရှန်းရဲ့ အတွင်းစိတ်ကို မသိခဲ့ဘူး။ ထို့ကြောင့် သူတို့ရွေးချယ်ထားရတဲ့ ကြင်ယာတော်လောင်းတွေအတွက် စွမ်းရည်ပြနိုင်မယ့် အခွင့်အရေးရလာပြီလို့ ထင်နေကြတော့တယ်။

ဝိဉာဉ်ကူးပြောင်းခဲ့ပြီးနောက် သောက်တလွဲတွေဖြစ်ကုန်ပြီ!Where stories live. Discover now