ဝက်ဝံကလေးလေး 1.1

Start from the beginning
                                    

" မင်းကလာရဲသေးတာလား "

ကျိရှင်းက ၎င်းကိုကြားသော်သူ၏ နီရဲရောင်ယမ်းကာငိုယိုထားပုံရသည့်မျက်လုံးတို့ကိုဖော်ကျူးကာတုန်တုန်ယင်ယင်ဖြင့်ပြောလာ၏။

" ချင်ရှန်းရှိန်...ဘာဖြစ်သွားတာလဲ...ကျနော်အမှားတစ်ခုခုလုပ်မိလို့လား...တစ်ကယ်တမ်းအဲ့လိုလုပ်မိခဲ့တယ်ဆိုရင်ကျနော်သေချာပေါက်ပြောင်းလဲဖို့ဆန္ဒရှိပါတယ်...ကျေးဇူးပြုပြီး နှင်တော့မနှင်ထုတ်ပါနဲ့ "

[ ရှန်းရှိန် - ဆရာ, မစ္စတာ,...........]

" ထွက် သွား စမ်း...ငါဒါကိုနောက်တစ်ကြိမ်ထပ်ပြောရအောင်မလုပ်နဲ့ "
သူကရုတ်တရက် ဒေါသအားချုပ်တည်းထားရ
သည့်အသံတို့ဖြင့်ပြောလာကာ မျက်လုံးအကြည့်တို့ကလည်းရေခဲတမျှအေးစက်ခက်ထန်လာ၏။

ကျိရှင်းသည် ချင်ရွေ့လင်၏အရောင်အဝါ
ကြောင့် တုန်လှုပ်သွားကာ နောက်ထပ်စကားတစ်ခွန်းကိုပင်ထပ်မဟရဲတော့ပေ။သူက ချင်ရွေ့လင်သတ်ခြင်းမှရှောင်းရှားရန် အမှန်တရားကိုရှာဖို့ရန်ဆုံးဖြတ်လိုက်၏။ချင်ရွေ့လင်က ညတွင်းချင်းဆိုသလိုအမူအကျင့်များကသိသာစွာပြောင်းသွားပြီး မည်သူ့ကိုမျှမမှတ်မိတော့သလိုပြုမူနေခဲ့သည်။ထို့ပြင် ထိုနေ့ကသူ့အားလည်ပင်းညစ်သတ်ရန်ကြိုးပမ်းခဲ့ရုံသာမက ချင်အိမ်မှလည်းရက်စက်စွာနှင်ထုတ်ခဲ့၏။

ရက်စက်ကြမ်းကြုတ်စွာပြုမူနေခဲ့သည့်ချင်ရွေ့လင်၏ပုံစံကသူ့စိတ်နှလုံးထဲ၌ထင်ထင်ရှားရှားစွဲထင်နေပြီး ထိုပုံစံအားသူယခုထိတိုင်အလွန်ပင်ကြောက်ရွှံ့တုန်လှုပ်နေဆဲဖြစ်၏။ထိုလူပျော်ရွှင်နေချိန်၌ပန်းများပွင့်နေမည်ဖြစ်သော်လည်း ဒေါသထွက်လာသည့်အခါတွင်တော့ မည်သူကမျှအသက်ရှူဖို့ရန်မဝံ့ရဲကြတော့ပေ။

" မစ္စတာချင်...ကျနော် "

ချင်ရွေ့လင်ကသူ့ဘေးနားရှိလက်အောက်အားလက်ဝှေ့ယမ်းပြလိုက်ကာ " သူ့ကိုမောင်းထုတ်လိုက်...နောက်တစ်ခါသူလာရဲသေးတယ်ဆိုရင်ခြေထောက်ကိုချက်ချင်းရိုက်ချိုးပစ်လိုက် "

You've reached the end of published parts.

⏰ Last updated: Jun 08, 2022 ⏰

Add this story to your Library to get notified about new parts!

ဆန်ကုန်မြေလေး gong ကငါ့ကိုနောက်တစ်ကြိမ်ပြန်ပြီးလက်ထပ်ချင်နေတယ်[mm translation] Where stories live. Discover now