"ကျစ် စိတ်ပျက်စရာကောင်းလိုက်တာ"

ဘတ်ခ်ဟွန်းက ချန်းယောလ်ကိုကြည့်ပြီး ခေါင်းခါလိုက်သည် ။ သူ့ကမှ ထူးဆန်းနေတာ ပတ်ချန်းယောလ်က ရူးနေတာပဲ
















~~~~~~~~~~~~

ဆူဟို အခန်း(5)ကလူနာကို ဆေးထိုးပေးရမှာကြောင့် အခန်း(5)ဘက်ကိုလျှောက်လာလိုက်သည် ။ ဒါပြီးရင်တော့ သူအိမ်ပြန်ရမှာဖြစ်သည် အဲ့နေကစပြီး အခန်း(5)က ကောင်လေးကို သူတာဝန်ယူပြီး ကုပေးရသည် ။ သူ့လည်းတွေးရင် အခန်းရှေ့ကိုရောက်လာသည် ။ တံခါးဖွင့်ပြီး အခန်းထဲကိုဝင်ဝင်ချင်....

"ဒေါက်တာ ကျနော်ဒေါက်တာကိုမျှော်နေတာ"

"ဘယ်နားနေမကောင်းဖြစ်လို့လည်း"


"ဒေါက်တာကို မတွေ့ရရင် နေလို့မကောင်းဘူး"


ဆူဟို မျက်နှာလေးရဲတက်သွားသည် ။ ဟိုဘက်လှည့် ဆေးထိုးပေးမယ် ။ ခေါင်းက ဒဏ်ရာကိုမနက်ဖြန်မှ ပတ်တီးဖြေ​ပြီး​ဆေးထည့်ပေးမယ် ။ အခုတော့ သောက်ဆေးနဲ့ ဆေးဘဲထိုးခဲ့ပေးမယ် လိုတာရှိရင် ဆရာမလေးတွေကိုပြောလိုက်ပါ


"ဒေါက်တာကိုပဲ လိုအပ်တယ်ဆိုရင်ကော"



"အဟမ်း....ဆူဟို ချောင်းဟန့်လိုက်ပြီး... ပြီးပြီးဆိုတော့ သွားတော့မယ် ။ ဆူဟိုလည်း ပစ္စည်းတွေမြန်မြန်ကောက်ထည့်ပြီး အခန်းထဲက ထွက်လာခဲ့တော့သည်"


"ချစ်ဖို့ကောင်းလိုက်တာ ဝါဂွမ်းဖြူလေး"

ဆူဟိုလည်း ဂျူတီပြီးသွားတာကြောင့် အိမ်ပြန်လာခဲ့သည် ။ နာရီကိုကြည့်လိုက်တော့ 10နာရီခွဲနေပြီး ခုချိန်ဆို အိမ်က ကလေးနှစ်ယောက်လဲ အိပ်နေလောက်ပြီး ။ ဆူဟို အိမ်ဘက်လားတဲ့ လမ်းမှာ ရန်ဖြစ်နေတဲ့အုပ်စုကိုတွေ့လိုက်ရသည် ။ သူ့လည်းကျော်သွားမလို့လုပ်တဲ့အချိန် ရင်းနှီးတဲ့မျက်နှာကြောင့် ကားကိုရပ်လိုက်သည် ။ ဆူဟိုလည်း မနေနိုင်တဲ့အဆုံး ကားပေါ်ကဆင်းပြီး ရန်ဖြစ်တဲ့နားကို တိုးသွားလိုက်သည်

"ဟိတ်..မင်းတို့ရပ်လိုက် "

ဆူဟို အသံကြောင့် ကောင်လေးတွေက သူကိုလှည့်ကြည့်လာသည် ။ ဆူဟိုကြည့်လိုက်တော့ သုံးယောက်တစ်ယောက် ရန်ဖြစ်နေတာဖြစ်သည် ။ အဲ့ထဲက ကောင်လေးတစ်ယောက်က...

"ခင်ဗျာ ဘာဝင်ရှုပ်တာလဲ ကိုယ့်လမ်းကိုယ့်သွားလာမရှုပ်နဲ့"

"မင်းတို့ ကျောင်းသားတွေမလား"

အဲ့ကြတော့ ကောင်လေးသုံးယောက်က တစ်ယောက်မျက်နှာတစ်ယောက်ကြည့်နေကြသည်

"မင်းတို့မသွားသေးဘူးလား မင်းတို့မသွားသေးရင်မင်းတို့ကိုထိန်းသိမ်းရင် စခန်းကိုဖုန်းဆက်လိုက်ရမလား "

"ခင်ဗျာက ဘယ်သူလဲ"

" ရဲ "

အဲ့ကြမှကောင်လေးသုံးယောက်က သူ့တို့ချုပ်ထားတဲ့ ကောင်လေးကိုလွှတ်ပေးလိုက်သည် မသွားခင် ​ကောင်​​လေးကိုကြိမ်းမောင်းသွားသေးသည်

"ခင်ဗျာ ဘယ်တုန်းက ရဲ ဖြစ်သွားတာလည်း
ကင်မ်ဆူဟို"


ဆူဟို ကောင်လေးဘက်ကိုလှည့်လိုက်ပြီး



"အိုဆယ်ဟွန်း "



"မင်းကကော ဒီအချိန်ကြီး လမ်းပေါ်မှာရန်ဖြစ်နေရတာလဲ ။ မင်းက ဂလေးက​ချေမဟုတ်ဘူးနော် အန်တီတို့ကို နည်းနည်းလေးမှ အားမနာဘူးလား ဆယ်ဟွန်း  ။ ကျောင်းသားကကျောင်းစာပဲလုပ်နေသင့်တယ် ။ လမ်း​​ပေါ်မှာအ​လေမလိုက်​နေသင့်ဘူး ။ ခုချိန်ဆိုရင် အန်တီတို့မင်းကို စိတ်ပူနေလောက်ပြီး  "

ဆယ်ဟွန်းစိတ်ချုပ်သလို ဆံပင်ကိုဆွဲဖွလိုက်ပြီး

"ခင်ဗျာကိစ္စမဟုတ်ဘူး ကျနော်ကိုမြင်ရင် ကျော်သွား ။ ကျနော်တို့မိသားစုကိစ္စကို ခင်ဗျာဝင်စွပ်ဖက်စရာမလိုဘူး ။  ကျနော်ကို လာမရှုပ်နဲ့အားရုံနောက်တယ်"

ဆူဟိုသက်ပြင်းချလိုက်ပြီး ...ဆယ်ဟွန်းမျက်နှာက ဒဏ်ရာတွေကိုကြည့်လိုက်ပြီး. ..Hyungမင်းကိုဆေးထည့်ပေးမယ်

ဆူဟို ဆယ်ဟွန်းလက်ကိုဆွဲလိုက်တော့ ခါထုတ်ခံလိုက်ရသည် ။ ဆူဟို ဆယ်ဟွန်းကို မော့ကြည့်လိုက်တော့ သူ့ကိုစူးစိုက်ပြီး ကြည့်နေသည်


"Hyungကျနော်ကို လက်မခံနိုင်ရင် လာမပက်သက်ပါနဲ့ ကျနော် Hyungကို မြင်တိုင်းပင်ပန်းတယ်"



~~~~~~~~~~~~~~~~~~~~~~~~~~~~~~

26.5.22


ဆေးရုံကကောင်လေးကို ဘယ်သူလို့ထင်လဲ😁







တိမ်တိုက်Donde viven las historias. Descúbrelo ahora