~~~~~~~~~~~~



ဂယောင်ဆူး တစ်ယောက်စာလုပ်နေပေးမဲ့ နောက်ကျောမလုံဘူး ဖြစ်နေသည် ။ သူ့ကို ဟိုလူကကြည့်နေမှန်သိတယ် ။ ဟိုနေ့က ကိစ္စကိုတွေးလိုက်တိုင်း လူက ကြက်သီးတွေဖြန်းခနဲ့ထသွားသည် ။ အဲ့လူနဲ့မတွေ့အောင်ရှောင်နေရသည် ။ အဲ့လူက ဘယ်လို့နေလည်း မသိပေးမဲ့ သူ့ကတော့ အဲ့လူကိုမြင်တိုင်းမျက်နှာတွေ ပူထူနေသည်


"ဂယောင်ဆူး "


"ဟင်"


"နေမကောင်းဘူးလား မျက်နှာတွေရဲနေသလို့ပဲ"

ဂယောင်ဆူး ဂျုံအင်အပြောကြောင့် ယောင်ရမ်းပြီး မျက်နှာကိုစမ်းလိုက်မိသည်

"ကောင်းပါတယ် ပူလို့"

ဂျုံအင်က သူဖြေချင်းချက်ကို ခေါင်းညိတ်ပြသည် ။ တော်သေးတာပေါ့ ဂျုံအင်က ဘာမှဆက်မမေးတော့လို့ မဟုတ်ရင် သူ့မှာ ဘယ်လိုပြောရမလဲမသိဘူး




"ချန်း ဆယ်ဟွန်းကျောင်းမလာတာ နှစ်ရက်ရှိနေပြီးနော် "

"..............."


ဘတ်ခ်ဟွန်းအသံတိတ်နေတဲ့ ချန်းယောလ်ကိုကြည့်လိုက်တော့ မျက်နှာကတစ်ခုခုကို အလိုမကျသလို့ဖြစ်နေသည် ။ ဘတ်ခ်ဟွန်း ချန်းယောလ်ကြည့်နေတဲ့နေရာကိုကြည့်လိုက်တော့ ကျောင်းသားသစ်နှစ်ယောက်ကို ကြည့်နေတာဖြစ်သည် ။ ဘတ်ခ်ဟွန်း ချန်းယောလ် ပုခုံးကိုပုတ်လိုက်တော့ သူ့ကိုလှည့်ကြည့်လာသည်

"ကျောင်းသားသစ်နှစ်ယောက်မှာ စိတ်ဝင်စားစရာရှိနေလို့လား အဲ့လောက်ကြည့်နေရအောင်"

"မပြောတက်ဘူး ထူးဆန်းတယ်"

"ဘာကိုလည်း "

ဘတ်ခ်ဟွန်း နားမလည်းလို့ ချန်းယောလ်ကိုမေးလိုက်တာဖြစ်သည် ။ သူပြောတဲ့အဖြေကိုကြားပြီး ဘတ်ခ်ဟွန်း ရယ်ချင်သွားသည်


"အရမ်းပူကပ်နေလို့"

"ပူကပ်တာနဲ့ပဲ ထူးဆန်းသွားကောလား သူငယ်ချင်းတွေ အားလုံးလည်း ဒီလို့ဘဲကို နောက်ပြီး သူ့တို့နှစ်ယောက်ကလည်း ငါတို့သုံးယောက်လိုဘဲ ငယ်ငယ်လေးထဲက ပေါင်းလာတဲ့ ငယ်သူငယ်ချင်းတွေဖြစ်မှာပေါ့... နောက်ပြီး မပြောတက်ဘူးလေး အဲ့ထက် ပိုရင်လဲပိုမှာပေါ့.."

တိမ်တိုက်Where stories live. Discover now