ထိုကလေးက သူ့အကြောင်း ရေးထားသော စာအုပ်ကိုတော့ ရှာမတွေ့ဘဲ လွှင့်ပစ်ရန်အပြင်ထုတ်ထားသော စာအုပ်များအား တွေ့ကာ ငိုခဲ့သေးသည်။

လူကောင်ကြီးနဲ့ မလိုက်ဖက်စွာ အသည်းကလည်း နုရန်ကော...။

ယနေ့၌လည်း ထုံးစံအတိုင်းပင် အေးချမ်းစွာ အိပ်ပျော်နေသောချာတိတ်အား ပြုံးရင်းဖြင့် တဆိမ့်ဆိမ့် ထိုင်ကြည့်နေမိပြန်သည်။

~•~•~•~•~• Char Tate •~•~•~•~•~

"ဦးကမ္ဘာစိုးမိုး ကျနော်နဲ့ စကားခဏပြောလို့ရမလား"

ရတုလက်ာအား မျက်တောင်မခတ်တမ်း ထိုင်ကြည့်နေသော ကမ္ဘာစိုးမိုးကို စစ်မင်းဆက်မေးလိုက်သည်။

"အင်း ရတယ်"

ကမ္ဘာစိုးမိုးက ရတုလက်ာအား အကြည့်မလွှဲဖြေသည်။ထိုအခြင်းအရာကိုကြည့်၍ စစ်မင်းဆက်က သက်ပြင်းတစ်ချက်ချလိုက်ပြီး

"နောက်ကျနေပြီဆိုတာသိပေမယ့် ဒီခွဲစိတ်မှုကို မလုပ်လို့မရဘူးလား"

ကမ္ဘာစိုးမိုးက စစ်မင်းဆက်ရှိသည့် ဘေးဘက်သို့ မျက်နှာလှည့်လိုက်ကာ

"ဘာလို့လဲ"

"သူနိုးလာတဲ့အခါ ဒီကိစ္စကို သိသွားရင် ဘယ်လိုလုပ်မယ်လို့ ခင်ဗျားထင်လဲ သူ့ဘဝတလျှောက်လုံး စိတ်ဆင်းရဲပြီးနေသွားရမှာပေါ့"

ထိုအခါ ကမ္ဘာစိုးမိုးက ရေးရေးလေးပြုံးပြီး

"ဒါများ လွယ်လွယ်လေး ဒီကိစ္စတွေကို သူ့ကိုပေးမသိနဲ့ပေါ့"

"အဲ့လောက်မလွယ်ဘူးလေ သူနိုးလာ​တာနဲ့ ဘယ်သူ့ကို တန်းရှာမယ်ထင်လဲ"

"အဲ့ဒါကို ကိုယ်သိပါတယ် အင်း..."

ကမ္ဘာစိုးမိုးက ရတုလက်ာဘက်သို့ တစ်ချက်ဝေ့ကြည့်လိုက်ပြီးနောက်

"သတိရရချင်းတော့ မင်းတို့အဆင်ပြေသလို ပြောထားကြပါ သူနေပြန်ကောင်းပြီး ကိုယ့်ကိုမေးလာမှသာ ကိုယ်ခရီးထွက်သွားတယ်လို့ ပြောလိုက် ဟိုးအဝေးကြီးကိုလို့ သူ့ဆီကို ဘယ်တော့မှပြန်မလာနိုင်တော့ဘူးလို့"

"ဒါပေမယ့်..."

"ဒီဂစ်တာလေးရယ် ပြီးတော့ ဒီနှုတ်ဆက်စာနဲ့ဒီစာအုပ်လေးကို သူ့ကိုပေးပေးလို့ရမလား ကိုယ်ဆုံးသွားတာ သူသိတဲ့အချိန်ကြရင်ပေါ့"

Char TateTahanan ng mga kuwento. Tumuklas ngayon