EPISODE 47

3.5K 171 4
                                    

Unicode

အိပ်နေရင်းတောင် ရှိုက်နေသည့် ရတုလက်ာကြောင့် ကမ်ဘာစိုးမိုး ယူကြုံးမရဖြစ်မိသည်။

ဒါတွေ တွေ့မှာစိုးလို့ အခန်းထဲမဝင်ခိုင်းခဲ့တာ။

အခုလည်း စာအုပ်စင် ပြိုကျလို့ ထွက်လာတဲ့ ဒိုင်ယာရီစာအုပ်ဟောင်းတွေကို လွှင့်ပစ်ဖို့ ဖယ်ထားခဲ့တာ တိုက်တိုက်ဆိုင်ဆိုင် တွေ့သွားရတယ်လို့။

"ဦးကမ်ဘာ"

တွေးနေချိန်တွင် ရတုလက်ာ၏ ခေါ်သံကြောင့် ရပ်တန့်သွားသည်။

"အဆင်ပြေလား ခေါင်းမူးနေလား"

ရတုလက်ာက ခေါင်းခါပြသည်။ထို့နောက်

"ကျနော်..."

"ခုနက အကြောင်းဆို ထပ်မပြောနဲ့တော့"

တားဆီးမိသည်...

ဘာလို့ မင်းဝမ်းနည်းရမယ့် ကိစ္စတွေကို ထပ်ပြောချင်ရတာလဲ ချာတိတ်ရယ်...

ပြောလိုက်တော့ တိတ်ဆိတ်သွားကာ ဘာမှပြန်မပြောတော့။ခုထိ မျက်နှာမကောင်းသေးတာကြောင့် ကမ်ဘာစိုးမိုး စုပ်သတ်မိသည်။

Anniနေ့လေးတွေ ပျော်စေရမယ်လို့ ဆုံးဖြတ်ထားတာကို။

"ဒီနေ့ ဘာနေ့လဲဆိုတာ သိရဲ့လား ချာတိတ်"

ထိုအခါမှ မျက်လုံးလေး ပြူးကြည့်လာရင်း မျက်နှာလေးပြုံးယောင်သန်းလာကာ

"ခင်ဗျား မှတ်မိတာလား"

"ငါသာ မှတ်ဉာဏ်မကောင်းရင် ဒီရာထူးကိုရမလာဘူး"

"ဟုတ်ပါပြီဗျာ ကျနော်က လက်ဆောင်အနေနဲ့ ခင်ဗျားရဲ့အခန်းကို ရှင်းပေးချင်လို့ပါ။ခင်ဗျားမသိအောင် ခိုးဝင်တာက ခင်ဗျားကို ပိုအံ့​သြ သွား အောင် ပြီးတော့ ခင်ဗျားချီးမွမ်းတာလေး ခံချင်ရုံပဲ"

ခုနကလည်း ခွေးပေါက်လေးလို တအီအီဖြင့် ငိုသည်။အခုလည်း ခွေးပေါက်စလို တမှိုင်မှိုင်ဖြစ်နေပြန်ပြီ။

"ဒီလိုမျိုးတွေ မြင်စေမိလို့ မင်းကို တောင်းပန်ချင်တယ်"

"အာ...မဟုတ်တာ ရပါတယ်"

ရတုလက်ာက လက်တခါခါဖြင့် ပြန်ဖြေသည်။

ကမ်ဘာစိုးမိုး ကြည့်ရင်းဖြင့် ပိုဝမ်းနည်းလာသည်။ကိုယ့်အပေါ် သိပ်မပွင့်လင်းတော့တဲ့ ရတုလက်ာကြောင့် အချစ်များလျှော့သွားပြီလားဟု ခဏခဏ ထင်မိသည်။

Char TateWhere stories live. Discover now