"ဘာလဲမင်းသဘောကျလို့လား"

"ဟမ် !"

"မ...."

တီးးးးးး

ကဲစဖြေမယ် အချိန်ကနာရီဝက်ပဲရမှာဆိုတော့ အကောင်းဆုံးကြိုးစားပြီးအမြန်ဆုံးဖြေကြမယ်
.
.
.

တီး.........

"ကဲ အားလုံးပဲလက်တွေမြှောက်မယ် စာရွက်တွေလိုက်သိမ်းတော့မယ်"

"ဝါးးးဒီလိုလေးဖြေလိုက်ရတာတောင် စာမေးပွဲကြီးဖြေလိုက်ရသလိုပဲရင်ထဲပေါ့သွားတာပဲ"

"အေးနော်"

"ဟေ့ဂျီလေး ဟိုကတစ်ယောက်က မနက်ကမင်းမေးတဲ့တစ်ယောက်မှတ်လား နာမည်သွားမေးလေကွာ"

"Hopeငါမေးတာက မင်းထင်သလို...."

"ဘယ်သူနာမည်ကိုမေးတာလဲဂျီလေး"

"အော် ထယ်လေး မနက်ကမင်းနဲ့တိုက်မိတဲ့တစ်ယောက်အကြောင်းငါ့ကိုလာမေးနေလို့လို့ အဲ့တာကြောင့်အခုတွေ့တုန်းသွားမေးပါလာလို့ပြောနေတာ"

သေချာကြည့်မယ်ဆို ထယ့်ရဲ့မျက်နှာမှာဒေါသရိပ်လေးပြေးသွားတာကိုခံစားမိပေလိမ့်မယ် ဒါပေမဲ့ ထယ့်ကိုသေချာစိုက်မကြည့်ရဲတဲ့ဂျီလေးနဲ့ သူထင်တွေစွတ်ပြောနေတဲ့Hopeကတော့မြင်လိုက်မှာတော့မဟုတ်ဘူး သေချာပေါက်တစ်ယောက်သောသူပဲမြင်လိမ့်မည် အဲ့ကတော့Joon

"အဟမ်း သွားကြမယ်လေ မဟုတ်တာတွေပြောမနေနဲ့တော့Hopeနာမည်လေးမေးတာပဲဘာဖြစ်မှာလဲ သွားကြမယ်"

"လာလေဂျီလေး ထယ်ရော"

"မင်းတို့ပြန်နှင့်ကြ ငါသွားစရာရှိလို့..."

သွားစရာရှိလိုဆိုတာအရှေ့ကနေထွက်သွားတဲ့ထယ်

"Hope ငါသူ့နာမည်မေးတယ်ဆိုတာ မနက်ကထယ်လေးကိုကြည့်တဲ့သူ့ရဲ့အကြည့်တွေကမရိုးသားလို့ ပြီးတော့ ..."

"ပြီးတော့ဘာဖြစ်လဲ"

"တော်ပြီကွာ ငါလဲပြန်နှင့်ပြီ မနက်ဖြန်မှတွေ့ကြမယ်"

"ဟင်"

အူဒူဒူလေးနဲ့ကျန်ခဲ့တဲ့Hopeမှာ တစ်ယောက်သောသူအတွက်တော့ချစ်စရာကောင်းနေမှာအသေချာပင်

~~~ မူပိုင်~~~ (Completed)Where stories live. Discover now