အပိုင်း✨🍁(၄၅)

Start from the beginning
                                    

စဝ်စံဦးခိုက် ယူကြုံးမရဒေါသတကြီးအော်ဟစ်မိသည်။မိုက်မဲလိုက်တဲ့သား၊ရူးသွပ်လိုက်တဲ့သား၊အတ္တကြီးလွန်းတဲ့သားဖြစ်သူကို သူတကယ်ပင်နားမလည်နိုင်တော့။အသက်အန္တရာယ်များသည့် နာမ်ခွာအချိန်ခရီးသွားရုံတင်အားမရဘဲ ဝိဉာဉ်လောကရဲ့ကျိန်စာဒဏ်ရာတွေကိုပါသယ်ဆောင်လာသေးသည့် ဒီကလေးကို စဝ်စံဦးခိုက် ဒေါသထွက်ရလွန်းလို့ အသက်တိုတော့မည်ထင်၏။

“ဘယ်မှာလဲ!!”

“ခမည်းတော်...”

“မင်းစည်းကမ်းဖောက်ဖျက်ပြီး ယူလာတဲ့ဟာဘယ်မှာလဲ!!ဟိုအခန်းထဲမှာလား ဟုတ်လား!!ငါကိုယ်တိုင်ဖျက်စီးပစ်မယ်...”

စဝ်စံဦးခိုက် ဒေါသတကြီး ကမ္ဘာအခန်းဘက်သို့ အမြန်‌သွားလိုက်သည်။

ဒေါသတွေအရမ်းထွက်နေသောခမည်းတော်ကြောင့် ကမ္ဘာ တားမရမှန်းသိသည့်အတွက်ဘာစကားတစ်ခွန်းမှမပြောဘဲနောက်မှလိုက်လာလိုက်သည်။ခမည်းတော်စိတ်ကြိုက်လုပ်ဆောင်‌ပါစေ။

စဝ်စံဦးခိုက် ကမ္ဘာ၏စိတ်စွမ်းအင်ဖြင့်ပိတ်ထားသောစာကြည့်ခန်းရှေ့အရောက်...

“ဒီထဲမှာမလား ဖွင့်စမ်း!!!”

“ကျွန်တော်တောင်းပန်ပါတယ်....”

“ဖွင့်စမ်း!!ငါမင်းကိုဖွင့်လို့ပြောနေတယ်လေ!!ခုချက်ချင်းမဖွင့်ဘူးလား!!ဟမ်!!”

“အဲ့ဒီလိုမလုပ်ပါနဲ့ ခမည်းတော် ကျွန်တော်တောင်းပန်ပါတယ်...”

“တော်စမ်း!!!”

“ဝုန်း!!ဒုန်း!!ဂလွမ်း!!!”

စဝ်စံဦးခိုက် ဒေါသတကြီးအော်၍ အနားမှာရှိသည့် အလှပန်းအိုးတင်ထားသောခုံစောင်းဖြင့် တံခါးဆီသို့ပစ်ပေါက်လိုက်သည်။လေဟာနယ်တစ်ခုကိုထိမှန်သွားသလို ပြန်ကန်ထွက်လာသောခုံ‌များနှင့်ပန်းအိုးများကမူ အောက်တွင်ပစ်စလက်ခက်ကွဲကြေလျက်ရှိသော်လည်း တံခါးကမူ ဟန်မပျက်တည်ရှိနေတုန်းပင်။ကမ္ဘာ၏စိတ်စွမ်းအင်များနှင့်ထိန်းချုပ်ထားသည့်အခန်းမို့ ကမ္ဘာကိုယ်တိုင်ဖွင့်မပေးမချင်းမရမှန်း စဝ်စံဦးခိုက်သေချာသိသော်လည်း ဒေါသကြောင့် စိတ်လိုက်မာန်ပါလုပ်နေမိသည်။
ဟော်နန်းတစ်ခုလုံးမှာရှိသည့်အခန်းတိုင်းကအသံလုံသည်မို့ စဝ်စံဦးခိုက်အား တားမည့်သူတစ်ယောက်မရှ်ိ။

ပယင်းကြိုးသီ ချစ်သောမောင့်ဆီ(Complete)Where stories live. Discover now