အပိုင်း (၂၇) ဇာတ်သိမ်း
" ကဲ..ဆန်းနဲ့ထနုန်..ငါသွားတော့မယ်.. ''
" အေးအေး..မစ်..ကျေးဇူးပဲကွာ.. ''
" ဟေး..မလိုပါဘူး..ငါက ဒီအတိုင်း ကူညီပေးရုံပါ..ကဲ..ငါသွားပြီ.. ''
မစ်၏နောက်ကျောကိုကြည့်ပြီး ဆန်းက မစ်၏စိတ်ဓာတ်ကို လေးစားမိသေးပါသည်။ ဒါဟာ ဘဝမှာ မြင့်မြတ်တဲ့ အလုပ်တစ်ခု။ တစ်ပါးသူကောင်းဖို့ ကူညီပေးကောင်းတဲ့အရာကို ကူညီပေးတာဟာ မြင့်မြတ်ခြင်းပါပဲ။
မစ်ကားပေါ်ရောက်တော့ ကားထဲမှ ပျော်နေသည့်ဆန်းနဲ့ထနုန်တို့မိသားစုကို ကြည့်ကာ အားကျမိပါသည်။ ဘယ်လူသားမဆို ကိုယ့်မိသားစုနဲ့ကိုယ် သာယာပျော်ရွှင်ချင်ကြတာ အမှန်။ သို့ပေမယ့် မစ်က အပ်စ်မှ အပ်စ်သာ သူ့ရင်မှာ ဖြစ်တည်နေတာ။ ယောက်ျားချင်းလည်း ကလေးယူလို့ရပေမယ့် ကလေးတစ်ယောက်မှာ နှစ်ယောက်လုံး၏သွေးမပါပေ။ တစ်ပါးသူ၏သွေးပါသည်။ ဒါတွေမို့ မစ် သက်ပြင်းချနေတာ။ အခုဆိုရင်လည်း မစ် အပ်စ်ကို လွမ်းတဲ့စိတ် ဖြစ်လာမိလေသည်။
လွမ်းတဲ့စိတ် ဖြစ်နေမိမှာပေါ့။ ဂျင်လည်း လွမ်းတဲ့စိတ် ဖြစ်နေတာပေါ့။ ဘာမဟုတ်သည့် အထင်လွှဲစရာလေးနဲ့ တွန်က ဂျင်ကို အထင်လွှဲနေတာ။ ဘယ်လို ရှင်းပြရမည်ဆိုတာလည်း ဂျင် မတွေးတတ်တော့ပေ။ ထိုအချိန် ပန်းနဲ့ကောင်လေးတစ်ယောက် ခြံထဲဝင်လာလေသည်။ ထို့ကြောင့် ဂျင်က မျက်ရည်စက်တွေကို ပွတ်သုတ်လိုက်လေသည်။
ပန်းနဲ့သူ့ကောင်လေး ဂျင်ထိုင်နေသည့်အနားအရောက်မှာ ပန်းနဲ့သူ့ကောင်လေးလည်း ထိုင်လိုက်ပြီး ပန်က..
" အစ်ကိုဂျင်..မင်္ဂလာပါ.. ဒါက ပန်းရဲ့ကောင်လေးပါ..သူ့နာမည်က..ချွန်တဲ့..အစ်ကိုချွန် ဒါက ပန်းရဲ့ အလုပ်ရှင်.. ''
" ဟုတ်..မင်္ဂလာပါ..တွေ့ရတာ ဝမ်းသာပါတယ်.. ''
" ဟုတ်ကဲ့ပါ..ဒါနဲ့..ဘယ်လိုဖြစ်ပြီး..ဒီရောက်လာတာလဲ..ပန်း.. ''
" ဟို..ဟို..ပန်းလည်း..အဲ့ကိစ္စပြောမလို့ပဲ..ဘယ်ကစပြောလို့ ပြောရမှန်း မသိဘူး ဖြစ်နေတာ.. ''
" အစ်ကို သိပါတယ်..အစ်ကိုနဲ့တွန်ရဲ့ ကိစ္စ ပြောမလို့မလား..ပန်းကြောင့် အထင်လွှဲခဲ့တာကိုလေ.. ''
