အခန်း ၂၈

Start from the beginning
                                    

ယွမ်းစွော်က ကြမ်းပြင်ကို သုတ်ရင်း အလုပ်ရှုပ်နေတဲ့အချိန်မှာ သူက Weiboကို တစ်ချက်ကြည့်ခဲ့သည်။ နောက်ဆုံး ရေပန်းစားနေတဲ့ အကြောင်းအရာကတော့ -#မြတ်နိုးစရာကောင်းတဲ့ ချစ်စရာလေး ငါမင်းကို စားချင်တယ်#။ သေချာတာပေါ့... တချို့က အနည်းငယ် အဆင်မပြေပေ –#လုံပေါ်ရဲ့ ချစ်စရာလေး# ပြီးတော့ အပေါ်က ပိုကောင်းတဲ့ တစ်ခုကတော့ –#မိုရိချန်ရဲ့ ချစ်စရာလေး#...

ယွမ်းစွော်က တုံ့ဆိုင်းနေပြီး ပါးစပ်ကို ဖွင့်ကာ မိုရိချန်ရဲ့မေးခွန်းတွေကို တစ်ခုပြီးတစ်ခု လေးလေးနက်နက်ဖြေလိုက်သည်။ 

"အဲဒါ.... ရုပ်ရှင်ကြည့်နေတာပါ။ ​​ဒူဒူက အဲဒါကို အမြန်လုပ်လိုက်တာ"

မိုရိချန် : "......."

ယွမ်းစွော်က ဆက်ပြောလိုက်သည်။ "ကျွန်တော်… ကျွန်တော် အိမ်မှာထိုင်နေရင်း ဝင်ငွေရှာနိုင်တဲ့ အချိန်ပိုင်းအလုပ်တစ်ခုကို တွေ့တာကြောင့် တိုက်ရိုက်ထုတ်လွှင့်တဲ့ ပလက်ဖောင်းကို ပြေးသွားခဲ့တာပါ။ စာကောင်းကောင်းရိုက်နိုင်သလောက် တစ်နာရီကို ယွမ် ၁၀၀ ဝင်ငွေရနိုင်တယ်လို့ bossက ပြောခဲ့တယ်" 

ယွမ်းစွော်ရဲ့စိတ်ထဲတွင် ယွမ်၁၀၀က ဂိမ်းထဲက ရွှေဒင်္ဂါး ၁၀၀၀၀နဲ့ ညီမျှနေခဲ့သည်။ ဒါကြောင့် ၁၀၀က သူ့အတွက် အလွန်ကြီးမားတဲ့ ပမာဏဖြစ်နေသည်။

မိုရိချန် : "…..." 

အဲ့ဒါကြောင့် သူ နေ့တိုင်း စာရိုက်နေခဲ့တာလား။

"အဲဒီ့… အဲဒီ့စကားလုံးတွေကို ကျွန်တော့်ဘာသာ  emoji packထဲက တွေ့တာပါ။ သူတို့က လူတွေအပေါ်ကို ပက်ဖြန်းဖို့ အကောင်းဆုံးစကားလုံးတွေလို့ ပြောကြတယ်…" 

ယွမ်းစွော် ပြောနေရင်း သူ့အသံက ပိုပိုပြီး တိုးတိုးသွားသည်။

မိုရိချန်က ရှုပ်ထွေးလွန်းတဲ့ဇာတ်ကြောင်းကြောင့် လုံးဝအံ့အားသင့်သွားခဲ့သည်။ ရုပ်ရှင်ဧကရာဇ်တစ်ယောက်အနေဖြင့် သူက ဇာတ်ညွှန်းပေါင်းများစွာ သရုပ်ဆောင်ခဲ့ဖူးပေမယ့် ဒါက...ဒါက မထင်မှတ်ထားဆုံးပင်ဖြစ်သည်။

"အချိန်ပိုင်းအလုပ်လား"

ယွမ်းစွော်က ခဏတာဆွံ့အသွားခဲ့သည်။ သူရှင်းပြချင်ပေမယ့် ဘယ်လို​ရှင်းပြရမလဲဆိုတာ မသိတာကြောင့် သူ့ရဲ့tabletကို သွားယူလိုက်သည်။ ဖွင့်လိုက်ပြီးနောက် Weiboအောက်တွင် ဖော်ပြထားတဲ့ မှတ်ချက်နှစ်ခုကို မိုရိချန်ကိုပြသလိုက်သည်။ သူတို့ထဲကတစ်ခုမှာ: စာစီစာရိုက်သမားစုဆောင်းခြင်း: နေ့စဥ်ငွေပေးချေမှု၊ တစ်နာရီလျှင် ယွမ်၁၀၀၊ ကျောင်းသား သို့မဟုတ် အိမ်ရှိကလေးငယ်များ အတွက် သင့်လျော်သည်...

ဒီချစ်စရာလေးကို ပြုစုပျိုးထောင်မယ် (Completed)Where stories live. Discover now