အခန်း ၂၈

Start from the beginning
                                    

"ဒါပေမယ့် Mrမိုရဲ့အသံကို ငါ ရှင်းရှင်းလင်းလင်း ကြားလိုက်တယ်"

အင်တာနက်သုံးစွဲသူတွေရဲ့ ခေါင်းစဉ်မဲ့မှတ်ချက်များရှုပ်နေတဲ့ကြားမှ အစီအစဥ်တင်ဆက်သူက ခေါင်းစဉ်ကို တည်ငြိမ်စွာပြန်ဆွဲယူပြီး နောက်အပိုင်းကို ဆက်ဖို့ ကြိုးစားခဲ့ရသည်။ သို့သော် ဒီထုတ်လွှင့်မှုရဲ့အဆုံးမှာတော့ ပြန်မရနိုင်တဲ့လမ်းကို ထပ်ထပ်သွားဖို့ ရည်မှန်းထားကြသည်...

ဂိမ်းအတွင်းပိုင်းတွင် 

ယွမ်းစွော်က laptopကို သေချာပိတ်လိုက်ပြီး ရေတွေကို ပြောင်အောင် မသုတ်ခင် မိုရိချန်ရဲ့ ဖိအားနည်းတဲ့အကြည့်အောက်တွင် အ၀တ်စုတ်ကိုယူကာ ကြမ်းပြင်ပေါ်တွင် ထိုင်ချလိုက်ပြီး ခွက်ထဲက ဖိတ်စင်လာတဲ့ ရေတွေကို သုတ်လိုက်ကာ နောက်ဆုံးတွင် သူ့ခြေထောက်တိုလေးတွေဖြင့် ရှေနောက် သုံးကြိမ်လောက်ပြေးလိုက်ရသည်။

မိုရိချန်က မျက်နှာပြင်ကို တည်တည်ငြိမ်ငြိမ်ဖြင့် ကြည့်နေကာ ပွတ်တိုက်လွန်းလို့  ​ကြမ်းပြင်တောင် ပေါက်ထွက်တော့မယ် ဆိုတဲ့အချက်ကို ထုတ်မပြဘဲ နေလိုက်သည်။ အသေးလေးက အချိန်ဆွဲချင်ရုံသက်သက်နဲ့မို့ ဘယ်လောက်ထိ အချိန်ဆွဲနိုင်မလဲဆိုတာ ကြည့်ရမည်။ ဒီနေ့ကိစ္စကို သေချာပေါက် ရှင်းပြရမည်။

ယွမ်းစွော်ကလည်း မရှောင်နိုင်မှန်း သိသည်။ သူက သုံးကြိမ်မြောက် '​ကြမ်းပြင်ကို ခြောက်အောင်သုတ်' ပြီးနောက် အဝတ်စုတ်ကိုပြန်ထားလိုက်ကာ ကွန်ပြူတာစားပွဲနားတွင် မတ်မတ်ရပ်လိုက်ပြီး စိတ်ပျက်လက်ပျက်ဖြင့် ခေါင်းငုံ့ထားကာ မျက်နှာပေါ်ရှိအမူအရာကလည်း သူမှားမှန်းသိနေသည်။

မိုရိချန်က အသက်ပြင်းပြင်းရှူလိုက်ပြီး သူ့ရှပ်အင်္ကျီအပေါ်ဆုံးက ကြယ်သီးကို ဖြုတ်လိုက်ကာ အသက်ကို ညင်သာစွာ ရှူထုတ်လိုက်သည်။

"ပြော"

"ဝူးးး…"ဘာကိုပြောရမှာလဲ။ သူ မဖြေချင်တာ မဟုတ်ပေမယ့် ဘယ်နားကစရမှန်းမသိပေ။

"မင်း ဒီည ရုပ်ရှင်ကြည့်မလို့ လို့ ပြောထားတာမဟုတ်ဘူးလား။ တိုက်ရိုက်ထုတ်လွှင့်တဲ့ ပလက်ဖောင်းကို ဘယ်လိုပြေးလာရတာလဲ ပြီးတော့ အဲဒီ့....ချစ်စရာကောင်းတဲ့စကားလုံးတွေ မင်းကို ဘယ်သူသင်ပေးလိုက်တာလဲ" မိုရိချန်ရဲ့လေသံက အပြစ်တင်နေတဲ့ပုံမပါဘဲ ခါတိုင်းထက် အနည်းငယ်ပိုလေးနက်နေသည်။ ဒီအသေးလေးက ဘာမှမပြောဘဲ မထင်မှတ်ထားတဲ့ လုပ်ရပ်ကြီးကို လုပ်ချလိုက်တာဖြစ်သည်။ 

ဒီချစ်စရာလေးကို ပြုစုပျိုးထောင်မယ် (Completed)Where stories live. Discover now