2

1.6K 173 8
                                    

Bim.....bim.....bim....

အချိန်10မိနစ်ပြည့်တော့မှာမို့ မီးနီများကအချက်ပြ၍အသံပေးနေသည်။

ပြေးနေသူမှာချွေးသံတရဲရဲ ကြောက်စိတ်များဖုံးလွှမ်းနေသောကြောင့် ပြေးနေသော်လည်း ဝေးဝေးမရောက် မကြာခင်အသတ်ခံရတော့မည်ဆိုသောအသိကြောင့် လူနှင့်စိတ်နှင့်မကပ် မီးနီများရဲ့အချက်ပေးသံကိုမမှုအား မြင်တွေ့နေရသည့်လမ်းအတိုင်းသာ ပြေးဖို့ဆုံးဖြတ်ထားရ၏။

ထိုလူမသိသောအချက်မှာ ဒီနေရာရောက်ပြီးလျှင် ပြန်ထွက်နိုင်မည့်လမ်းမရှိခြင်းဖြစ်သည်။

"အကိုလေး အချိန်ပြည့်တော့မယ် "

"Ummm!! ပြေးပါစေအုံး"

"......."

Bimmmm!!!

အသံအရှည်ကြီးကြားရပြီးနောက် ထိုလူ၏ရှေ့မြင်ကွင်းများမှောင်ကျသွားတော့သည်။

ဆက်ပြေး၍မရတော့သောကြောင့် တောင်းပန်ရန်မှတပါး အခြားလုပ်စရာမရှိတော့သူ။

"တောင်းပန်ပါတယ်.... တောင်းပန်ပါတယ်....ငါ့ကိုမသတ်ကြပါနဲ့....ငါတောင်းပန်ပါတယ်"

ဖလက်....ဖလက်....ဖလက်

အနီရောင်မီးများကွက်ကြားလင်းလာခဲ့သည်။

မီးလင်းလာရာကိုကြည့်မိတော့မှ သူ၏ရှေ့တွင် ချထားပေးသော ကိရိယာများစွာအားတွေ့လိုက်ရသည်။ 10မိနစ်အတွင်းပြေးခဲ့သည်မှာ သဲထဲရေသွန်ပင် သူ့အားသတ်ရန် ထိုင်ခုံကြီးတစ်ခုပေါ်တွင် ဘုရင်တစ်ဦးလို အဆင်သင့်ထိုင်စောင့်နေသူ အားမြင်တွေ့နေရသည်။

"တောင်းပန်ပါတယ်....တောင်းပန်ပါတယ်....ငါ့ကိုမသတ်ပါနဲ့ ငါဒီလိုတောင်းပန်ပါတယ်"

သူ့၏ခြေထောက်ကိုလာဖတ်ပြီး သူရှေ့မှာလက်အုပ်ချီကာတောင်းပန်နေသူအား စိတ်ကျေနပ်စွာကြည့်နေသူ ေဂျာင်ကု။

ထို့နောက် ထိုလူ၏ခေါင်းကိုဖြေးဖြေးလေးပွတ်သပ်ပေးရင်း ဆံပင်ကိုဆောင့်ဆွဲကာ ခေါင်းကိုမော့လိုက်သည်။

"လွန်ခဲ့တဲ့10မိနစ်ကျော်တုန်းက ခင်ဗျားဒီစကားပြောခဲ့တာမဟုတ်ပါဘူး ဘာတဲ့ ခွေးမသားတွေ xီးပဲ ဆိုလား "

𝐃𝐎𝐍'𝐓!!! (Completed)Where stories live. Discover now