”ဒီမှာ ဒီကိစ္စကိုသိတဲ့သူကသိပ်မရှိဘူး။ငါတောင်မှဆေးရုံအုပ်ခေါ်လို့သွားတုန်းကခိုးနားထောင်ထားတာ။ဒီလိုကွ....
ဒီနေ့ရောက်လာတဲ့လူနာလေ။”

”ဘယ်လူနာတုန်းလူနာတွေကအများကြီးကို”

”ဟာမင်းကလည်းစကားကိုဆုံးအောင်နားထောင်ဦးလေ။ဒီနေ့ဒီကိုနောက်ဆုံးမှရောက်လာတဲ့လူနာလေဒဏ်ရာတွေအများကြီးနဲ့လေ”

”အော် သိပြီအဲ့တာဘာဖြစ်လို့လဲ”

”အဲ့ဒီ့လူနာကိုအဲ့လိုဖြစ်အောင်လုပ်လိုက်တာက ဝမ်သခင်လေးဝမ်ရိပေါ်တဲ့ကွ”

”ဘာ!!!”

”ဟာ ဟေ့ကောင်တိုးတိုးပြောပါကွ
အခုအဲ့ဒီ့ကိစ္စကိုသိတယ်မလား။အခုအဲ့ဒီ့ကိစ္စနဲ့ပတ်သတ်ပြီးလာတာနေမှာပေါ့ကွ”

”လူကဒီလောက်ဖြစ်သွားတာတောင်လုပ်တဲ့လူကလာမတောင်းပန်ဘဲနဲ့သူ့အမကရောက်လာရတယ်ပေါ့တော်တော်လူမှုရေးခေါင်းပါးတဲ့လူဘဲချမ်းသာတယ်ဆိုပြီးလုပ်ချင်တိုင်းလုပ်နေကြတယ်”

”မင်းကလည်းကွာသူတို့လည်းသူတို့ပြဿနာနဲ့သူတို့နေမှာပေါ့ကွမသိဘဲရမ်းပြောနေတယ်”

”ဟေ့ကောင်ဘာပြဿနာဖြစ်ဖြစ်လူတစ်ယောက်လုံးကိုဒီလောက်စုတ်ပြတ်သတ်နေအောင်လုပ်ပြီးအခုထိအရိပ်အယောင်တောင်မမြင်ရဘူး။
အနောက်ကနေအမကလိုက်ရှင်းပေးနေရတယ်။တော်သေးတာပေါ့အမကမှလူမှုရေးသိတတ်သေးလို့”

”မင်းထင်လို့ပါကွာ တကယ်တော့ဝမ်သခင်လေးထက်ဝမ်သခင်မလေးကပိုကြောက်ဖို့ကောင်းတယ်ကွ။ဝမ်သခင်လေးကဒေါသကြီးတယ်ဆိုပေမဲ့အကြောင်းမဲ့သက်သက်တော့သူများကိုရန်သွားမစဘူးအေးသူ့ကိုရန်လာစရင်တော့အဲ့ကောင်သေပြီဘဲ။ပြီးတော့ရန်ဖြစ်ရင်ပေါ်တင်ဘဲလေ။ဒါပေမဲ့ဝမ်သခင်မလေးကြတော့အပြင်ပန်းသာအေးဆေးတယ်ထင်ရပေမဲ့သူ့မောင်နဲ့ပတ်သတ်ရင်တော့မရဘူးကွ။အခုချိန်ထိဝမ်သခင်လေးလုပ်သမျှ​ပြဿနာတွေကိုနောက်ကွယ်ကနေသွေးအေးအေးနဲ့လိုက်ဖြေရှင်းပေးတာကွ။ဝမ်သခင်လေးကလူသတ်ရင်တောင်သူကအလောင်းဖျောက်ပေးမဲ့အမမျိုးကွ။သူ့ဦးနှောက်ထဲမှာလည်းသူ့မိသားစုဘဲရှိတာ။ပြီးတော့Alphaဆိုတော့ပိုဆိုးတယ်။ဒီတစ်သက်အိမ်ထောင်တောင်ပြုပါ့ဦးမလားမသိဘူး။အခုကိစ္စလာတာတောင်ဘယ်လိုဖြေရှင်းမလဲမသိဘူး”

Other Side Of Love  (Complete)Where stories live. Discover now