*167* အတွင်းစိတ်မိစ္ဆာ

Start from the beginning
                                    

"ကျွန်တော်လည်း အတူသွားမယ်"
ချီလန်က လျှို့ဝှက်ခန်းထဲကနေ ပြေးထွက်လာသည်။

ချီလန့်အမေက သူ့ပုခုံးကို ပုတ်ရင်း ပြောလာသည်။
"လန်အာ.. သားရဲ့ကျင့်ကြံဆင့်က အရမ်းနိမ့်သေးတယ်.. လိုက်ရင်တောင် ဘာအကူအညီမှပေးနိုင်မှာမဟုတ်ဘူး.. ဒါကြောင့် အမေက သားအိမ်မှာနေခဲ့ပြီး ဒီက ကိစ္စတွေကို ဂရုစိုက်ထားဖို့မျှော်လင့်တယ်.. အမေတို့မိသားစုကို တာဝန်ယူနိုင်ဖို့တစ်ယောက်လိုပြီး သားက အသင့်တော်ဆုံးဘဲ.. အမေတို့ မကြာခင်ပြန်လာမှာပါ"

"ဒါပေမဲ့.."

"ဒီလိုဘဲ ဆုံးဖြတ်လိုက်ပြီ"

ချီလန်ရဲ့ဆရာကလည်း တဲ့တိုးပြောလာသည်။
"သခင်လေး.. သခင်လေးသွားလည်း သူတို့ကို ဝန်ထုပ်ဝန်ပိုးဖြစ်စေရုံဘဲရှိမှာ"

လူတိုင်းက သူလိုက်ဖို့ကို သဘောမတူတာကြောင့် ချီလန်လည်း ပါးစပ်ကနေ နေခဲ့ဖို့ကိုသဘောတူလိုက်သည်။ ဒါပေမဲ့ သူတို့အကုန်ထွက်သွားတဲ့အခါမှာတော့ လျှို့ဝှက်ခန်းထဲမှာထားထားတဲ့ သူ့အဖေရဲ့ ကိုယ်ပျောက်ဝတ်ရုံကိုယူကာ သူတို့နောက်ကနေ ကျုံးကုနယ်မြေကို လိုက်သွားခဲ့၏။

လမ်းမသိတဲ့အပြင် သူ့ရဲ့ကျင့်ကြံဆင့်ကလည်း နိမ့်တာကြောင့် ယင်မိသားစုနဲ့ ချီမိသားစုကလူတွေကို ရှာတွေ့ဖို့ သူ့မှာ လဝက်လောက်အချိန်ယူလိုက်ရသည်။

ထိုအချိန်မှာ မိသားစုနှစ်စုကလူတွေနဲ့ ကျုံးကုနယ်မြေကမိစ္ဆာသားရဲကြီးတွေမှာ တိုက်ပွဲအပြင်းအထန်ဖြစ်ပွားနေကြ၏။

ချီလန်မှာ အနီးကိုလည်း မသွားရဲတာကြောင့် သူတို့ တိုက်ခိုက်တဲ့အပေါ် အာရုံစိုက်နေကြတုန်း ယင်ကျင်းရဲ့ကိုရှာဖို့ တစ်ခြားလမ်းလွှဲကနေ သွားလိုက်သည်။

ဒါပေမဲ့ ယင်ကျင်းရဲ့ကို ရှာတွေ့မဲ့အစား ယင်ကျင်းရဲ့အဖေ ၊ သူ့အဖေအမေ ၊ သူ့အဘိုးအဘွားတွေနဲ့ မိသားစုနှစ်စုက အကြီးအကဲ အယောက်နှစ်ဆယ်ကျော်က ဆံပင်အဖြူရောင်နဲ့ လူတစ်ယောက်ကို ဝိုင်းပြီး တိုက်ခိုက်နေကြတာကို တွေ့လိုက်ရသည်။

ဆံပင်အဖြူရောင်နဲ့လူရဲ့ ကျင့်ကြံဆင့်က အတော်လေးမြင့်မားလှသည်။ မဟာယာနအဆင့်ကလူ အယောက်နှစ်ဆယ်ကျော် ဝိုင်းတိုက်ခိုက်နေတာကိုတောင်မှ နည်းနည်းမှအားနည်းပုံမပြပေ။ နောက်ဆုံးမှာတော့ ဒါက အရှုံး အရှုံး အခြေအနေသာဖြစ်သွား၏။ ဆံပင်ဖြူနဲ့လူက ဒဏ်ရာအပြင်းအထန်ရကာ လွတ်မြောက်သွားပြီး ပြင်းပြင်းထန်ထန်ထိခိုက်ထားတဲ့ ယင်ကျင်းရဲ့အဖေက သူ့နောက်ကို အမြန် လိုက်ဖမ်းလေသည်။

ငါလေးကတာဝန်ကျေတဲ့ဇနီးလေးနဲ့မေတ္တာရှင်မိခင်ဖြစ်လာတယ်[ဘာသာပြန်]Where stories live. Discover now