Raising You This Small Stuff
Unicode
အခန်း ၂၅: ဒူဒူက ကစားသမားတွေ မပြောင်းချင်ဘူး
ပြတင်းပေါက်လေးက အနည်းငယ် နိမ့်ကျသွားခဲ့သည်။
မိုရိယန်ရဲ့မျက်လုံးများရှေ့တွင် ချန်ကျောင်ရဲ့ ထိတ်လန့်နေတဲ့မျက်နှာက တဖြည်းဖြည်း ပေါ်ထွက်လာခဲ့သည် ။
မိုရိယန်က သူ့ညီလေးရဲ့လက်ထောက်ကို ဒီလောက်နီးတဲ့အကွာအဝေးကနေ ကြည့်မိတာ ပထမဆုံးအကြိမ်ဖြစ်သည်။ ဒီမျက်နှာက…. ရုတ်တရက် သူ့ရဲ့ခေါင်းထဲတွင် ဓားဖြင့်ထိုးလိုက်သလို နာကျင်မှုကို ခံစားလိုက်ရပြီး မနေနိုင်တော့ပဲ မျက်လုံးတွေကို ခဏမှိတ်လိုက်သည်။
ချန်ကျောင်ရဲ့တစ်ကိုယ်လုံး အေးခဲသွားပြီး စိတ်လှုပ်ရှားစွာ တံတွေးမျိုချလိုက်သည်။ "Mr. မို တစ်ခုခုများမှားနေလို့လား"
မိုရိယန်က အနည်းငယ် ဦးညွတ်ပြီး စိတ်တည်ငြိမ်အောင်ထားဖို့ သူ့ကိုယ်သူပြောကာ ချန်ကျောင်ရဲ့မျက်နှာကို ထပ်ကြည့်လိုက်ပြီး... ပုံမှန်အတိုင်း အသိပြန်ဝင်သွားပုံရသည်။ နှစ်စက္ကန့်လောက် ရပ်နေပြီးနောက် သူက ပြောလိုက်သည်။
"ချင်ဟယ်နဲ့ကိစ္စမှာ ငါတို့ မင်းကို အမှားလုပ်မိသွားတယ်။ ဖျော်ဖြေရေး အသိုင်းအဝိုင်းက ဒီလိုပဲမို့ သိပ်အများကြီး မတွေးပါနဲ့ ရိချန်ကိုသာ ဂရုစိုက်ပေးပါ"
ဒါက... သူ့ကို နှစ်သိမ့်နေတာလား။ ချန်ကျောင်က တောင့်တင်းစွာ ခေါင်းညိတ်ပြလိုက်သည်။
"ကောင်းပါပြီ"
"သွားတော့လေ လမ်းမှာဖြည်းဖြည်းမောင်းကြဦး" ထိုသို့ပြောပြီးနောက် မိုရိယန်က လှည့်ထွက်သွားခဲ့သည်။
ချန်ကျောင်က မိုရိယန်ရဲ့နောက်ကျောကို ငေးကြည့်ရင်း လေအေးတွေ တိုက်ခတ်ကာ အသိစိတ်ပြန်မဝင်လာခင်အထိ နှစ်စက္ကန့်လောက် အေးခဲနေခဲ့သည်။ သူက ကျေးဇူးတင်ကြောင်း အမြန်ပြောကာ ပြတင်းပေါက်ပိတ်ဖို့တောင် မေ့သွားပြီး ကားကို မောင်းထွက်လာခဲ့သည်။
ကားထဲတွင် လူနှစ်ယောက်သာကျန်တော့သည်။
ချန်ကျောင်ကို ရှောင်ဖို့ မလိုတာကြောင့် မိုရိချန်က သူ့ဖုန်းကို ထုတ်လိုက်ကာ ဂိမ်းမျက်နှာပြင်ထဲသို့ နှိပ်လိုက်သည်။
YOU ARE READING
ဒီချစ်စရာလေးကို ပြုစုပျိုးထောင်မယ် (Completed)
RomanceTitle - Raising you this small stuff Chinese Title - 养你这件小事 Author - 九云歌 Status - 81 chapters + 2 extras Credits to all. Description 'elf rebirth project 'လို့နာမည်ရတဲ့ဂိမ်းက ရုပ်ရှင်ဧကရာဇ်ရဲ့ဖုန်းထဲကို ဖိအားပေးတပ်ဆင်ဝင်ရောက်လာပြီးနောက် သူက ဒါကို ဗ...