"နိုးလိုက်!!!"

သတိမေ့မြောနေသောသူရဲ့မျက်နှာကို ရေဖြင့်ပက်ထုတ်လိုက်ရာ

"ဟင်း....အာ...ငါ...ငါဘယ်ရောက်နေတာလဲ မင်းတို့ကဘယ်သူတွေလဲ"

"ရှူး....နားညီးတယ် ဘာသံမှမထွက်နဲ့...."

"အား...ခွေးမသားတွေ ငါ့ကိုလွှတ်ပေးစမ်း...မင်းတို့ငါ့အကြောင်းကောင်းကောင်းသိစေရမယ် "

"ဘယ်လိုဖြစ်တာလဲ အေးဆေးပေါ့ ဟင်းးးးအေးပေါ့လေ မသေခင်လေး ပြောချင်တာတွေပြောသွားလိုက်အုံးပေါ့"

"ဘာ...မင်း...မင်းတို့ကဘာလုပ်တဲ့သူတွေလည်း"

"အာ...ဟုတ်သားပဲ ခင်ဗျားစကားများနေတာနဲ့ ကိုယ့်ကိုယ်ကိုယ်တောင်မိတ်ဆက်ဖို့မေ့နေတယ်"

တောက်ခ်....

ဂျောင်ကုလက်ဖြောက်တစ်ချက်တီးလိုက်ပြီးနောက် ထိုနေရာတစ်ခုလုံးမှောင်ကျသွားတော့သည်။

ဖလက်....ဖလက်....ဖလက်....

နေရာတစ်ခုလုံးအမှောင်ကျသွားပြီးနောက် နေရာတစ်ခုချင်းစီမှာ အနီရောင်မီးများလင်းသွားတော့သည်။

အနီရောင်မီးများလင်းသွားသောနေရာကိုကြည့်လိုက်ရာ....

မိန်းမကိုယ်၊ ယောကျာ်းကိုယ်၊ ကလေးကိုယ်များ ချိတ်ဆွဲထားသည်။ အကောင်းပကတိတော့မဟုတ် ရုပ်ပျက်ဆင်းပျက်ပုံစံများပင်ဖြစ်သည်။ တချို့ဆို ကိုယ်ထည်အတိုင်းမရှိတော့ အစိတ်အပိုင်းများသာရှိတော့သည်။

အရက် မူး၍xင်ခေါင်းကျယ်နေသူမှာ အမူးများပြေ၍ အသိစိတ်များကပ်လာတော့သည်။

"မင်း...မင်းတို့...ငါ့ကိုဘာလုပ်မလို့လဲ ငါမင်းတို့ကိုဘာမှမလုပ်ထားဘူးနော် ငါ့ကိုလွှတ်ပေးပါ ပိုက်ဆံဘယ်လောက်လိုချင်တာလဲပြော ငါ့ကိုတော့လွှတ်ပေးပါ"

"ဟား.....ဟား.....ဟား......ဟား....."

"ကျွတ်စ်....ကျွတ်စ်.....ကျွတ်စ်.....လူတွေ...လူတွေ...ပိုက်ဆံရှိတဲ့လူတွေကို စောက်ရမ်းမုန်းတာသိလား"

"ဟင်!ဒါ...ဒါဆိုမင်းကဘာလိုချင်တာလဲ"

"ပိုက်ဆံစကားပြောတဲ့ ခင်ဗျားရဲ့ပါးစပ်နဲ့လျှာကိုလိုချင်တယ်"

𝐃𝐎𝐍'𝐓!!! (Completed)Where stories live. Discover now