Arc 3_1(Chiyo Akihiro)

194 22 2
                                    

(Unicode)

WTF!!!ရောက်ရောက်ခြင်းဆောက်နဲ့ထွင်းဆိုတဲ့အတိုင်း မျက်လုံးဖွင့်ဖွင့်ခြင်းမြင်လိုက်ရတာက ကိုယ်ကပြန်ပေးဆွဲခံထားရပြီး နဖူးကိုသေနတ်နဲ့ချိန်ထားခံနေရတယ် ယီးဘဲ!!

"Snow ငါ့ကိုရှင်းမပြချင်ဘူးလားဟင်"

"Snowမသိဘူး snowလည်းအရှင်2ပို့ခိုင်းတဲ့အချိန်ပို့ရတာ"

"အော.....ထားတော့ဇာတ်ကြောင်းပေး"

"ဟုတ် host Tae"

ဇာတ်လမ်းကတော့ထပ်ပြီး school life ဒီတစ်ခါကတော့ University ၊ ဇာတ်လိုက်က Kiyoshi Tanaka Top 10 စရင်းဝင်companyတစ်ခုရဲ့သားအငယ်ဆုံး ၊ ဇာတ်လိုက်မက Akari Tamura Top 10 စရင်းဝင်companyတစ်ခုရဲ့တစ်ဦးတည်းသောသမီး ၊ ဇာတ်လိုက်နဲ့ဇာတ်လိုက်မကငယ်ကတည်းကသူငယ်ချင်းတွေဖြစ်ပြီး ငယ်ချစ်တွေဆိုလည်းမမှား၊ ဇာတ်လိုက်ရောဇာတ်လိုက်မရောက သဘောကောင်း၊စာလဲတော်၊ရုပ်လည်းချော၊ University ရဲ့ King & Queen ဒါ့အပြင်တစ်ယောက်နဲ့တစ်ယောက် သစ္စာလုံးဝရှိကြတယ် ဇာတ်လိုက်ကလည်းဇာတ်လိုက်မအပြင်ဘယ်သူနဲ့မှမတွဲ၊ဇာတ်လိုက်မကလည်းဇာတ်လိုက်အပြင်ဘယ်သူနဲ့မှမတွဲ နောက်ဆုံးလက်ထပ်လိုက်ပြီး The End ပေါ်ပြီးဇာတ်လမ်းပြီးသွားတယ်

ငါကတော့ ဇာတ်လိုက်နဲ့ဇာတ်လိုက်မရဲ့သူငယ်ချင်း Chiyo Akihiro ၊တော်ဝင်မျိုးနွယ်တွေထက်အာဏာကြီးပြီး Chiyo မိသားစုရဲ့ဆက်ခံသူလောင်း၊ ဇာတ်သိမ်းမှာ Chiyo အိမ်တော်ကိုအမွေဆက်ခံပြီးတစ်ယောက်ထဲအသက်သေဆုံးသည်အထိနေထိုင်ခဲ့တယ်...

"WTH!!! snow ဒီကမ္ဘာကဘာကြီးလဲ သူ့ဘာသူအဆင်ပြေနေပြီလေ ကြာပန်းဖြူတွေလက်ဖက်စိမ်းမတွေခြံခုန်ကောင်တွေလည်းမဟုတ်ဘူးလေ ဘာမှလုပ်စရာမလိုတဲ့ကမ္ဘာကိုငါရောက်လာတော့ ဘာလဲ ဇာတ်လိုက်ကိုစနှိုက်ပြီးဖြတ်ခုတ်ရမှာလာ?!"

"အဟမ်း Host ဇာတ်လမ်းကကျန်ပါသေးတယ် screenကိုဆွဲကြည့်လိုက်ဦး "

"ဟမ်? အေးအေး"

ဒါပေမယ့် Suyuri Shima ဆိုတဲ့ကောင်မလေးတစ်ယောက်ထဲကိုတခြားကောင်မလေးတစ်ယောက်က
ဝိဥာဥ်ကူးပြောင်းလာပြီးတော့ ဇာတ်လိုက်ကိုမြူဆွယ်ခဲ့တယ် ဒါပေမယ့် စာရေးဆရာလို့ပြောလို့ရတဲ့ ကမ္ဘာဖန်တီးသူကဇာတ်လိုက်ကို ဇာတ်လိုက်မကလွဲလို့ စိတ်မဝင်စားအောင်ဖန်တီးထားတဲ့အတွက် ဇာတ်လိုက်ကစိတ်မဝင်စား ဖြစ်ချင်တော့ ကူးပြောင်းလာတဲ့သူက ယောင်္ကျားလေးအကုန်လုံးက သူ့ကြိုက်ရမယ်ဆိုတဲ့ထုံးကိုနှလုံးမူထားတဲ့လူဖြစ်တာကြောင့် ဒေါသထွက်ပြီး ဇာတ်လမ်းကိုပြောင်းပြန်လှန်တော့တယ်၊ ဇာတ်လိုက်တို့ရဲ့ အားနည်းချက်တွေကို သုံးပြီးဇာတ်လိုက်ကိုတွေကိုနင်းခြေခဲ့တယ် ဇာတ်လိုက်တို့နဲ့ သူငယ်ချင်းတွေဖြစ်တဲ့ ဒုဇာတ်လိုက်အတွဲနဲ့ မူလကိုယ် Chiyo Akihiro တို့လည်းအပါဝင်ဖြစ်ခဲ့ပြီး အကုန်လုံးသေဆုံးခဲ့တယ် ပြီးတော့ ဇာတ်လိုက်မရှိတော့တဲ့ကမ္ဘာမှာ ဇာတ်လိုက်ကိုသတ်ခဲ့တဲ့လူက ဇာတ်လိုက်ဖြစ်တယ်ဆိုတဲ့အတိုင်း ဇာတ်လိုက်မဖြစ်သွားပြီး ဇာတ်လိုက်နေရာကိုဘယ်သူ့မှမပေးဘဲ နှစ်လတစ်ယောက်တွဲပြီးနေထိုင်သွားတော့တယ်၊၊ ဒါကိုသိသွားတဲ့ စာရေးဆရာက သိသိခြင်းနှလုံးအမောဖောက်ပြီး သေဆုံးသွားခဲ့ပြီး သေသွားတာတောင် ဇာတ်လမ်းပြောင်းလဲသွားတာကို လက်မခံနိုင်တာကိုစွဲလမ်းပြီး ဘဝမကူးနိုင်ဖြစ်နေတာကြောင့် System ဌာနကိုအကြောင်းကြားစာရောက်လာပြီး Host Tae စီတာဝန်အဖြစ်ရောက်လာတာအဲ့အတွက် Host Tae အနေနဲ့  Systemရဲ့တာဝန်ဖြစ်တဲ့ ဇာတ်ကြောင်းကိုမပြောင်းလဲအောင်လုပ်ဆောင်ရမယ့်အပြင်မူလကိုယ်ရဲ့ဆန္ဒတွေကိုပါ ပြည့်အောင်လုပ်ပေးရမယ် ၊၊

System - 9597[Snow]Where stories live. Discover now