အပိုင်း✨🍁(၄၁)

Start from the beginning
                                    

“ဟုတ်ကဲ့ ဂရုစိုက်ပါဆရာ...အခွင့်အရေးရမယ်ဆိုရင် ဆရာနဲ့တွေ့ဆုံချင်ပါတယ်...”

“ဟုတ်ပြီ...”

ကမ္ဘာ ဆရာပြန်သွားပြီးနောက် သူ့အခန်းထဲသို့ တစ်ချက်ဝေ့ကြည့်လိုက်သည်။အရာအားလုံးက ပုံမှန်နေသားတကျအတိုင်းပင်။တစ်နှစ်လောက် လူမနေဖြစ်သည့်အခန်းလို့ မထင်ရအောင်ထိ ဖုန်တစ်စက်မှတင်ကျန်နေခြင်းမရှိဘဲ သန့်ရှင်းနေသည်။ကြည့်ရသည်မှာ မယ်မယ်အမြဲတမ်းသန့်ရှင်းလုပ်ပေးနေသည်ထင်၏။ပယင်းရောင်မျက်ဝန်းလေးများက သဘောတကျပြုံးလိုက်ရင်း တစ်စုံတစ်ဦးကိုမြင်ယောင်လာတော့ ပြုံးရင်ပင် မျက်ဝန်းလေးများက ဆွေးရိပ်သမ်းသွားသည်။

*မောင် မင်းဆီကို‌ရောက်အောင်လာခဲ့မယ်...မာန်...မောင့်ကိုမှတ်မိပေးနေမယ်မလား...မောင့်ကိုစောင့်နေပေးမယ်မလား...*

သူ့အတွေးမဆုံးခင် ရင်ဘတ်မှပြတ်ရှရာသဖွယ်ဒဏ်ရာများပေါ်လာကာ မခံမရပ်နိုင်အောင်နာကျင်လာသဖြင့် ကမ္ဘာအံကိုတင်းတင်းကြိတ်ရင်း မချိပြုံး ပြုံးလိုက်မိသည်။အသားကျနေသည့်နာကျင်မှူများက တစ်ခါထက်တစ်ခါပိုမိုနာကျင်လာသလို စိတ်စွမ်းအင်ဖြင့်တောင့်ခံဖြတ်ကျော်လာရသည်ပဲဖြစ်သည်။

မင်းကို ချစ်မိတဲ့စိတ်..
မင်းကို လွမ်းမိတဲ့စိတ်..
မင်းကို တမ်းတမိတဲ့စိတ်ကြောင့်
ခံစားရတဲ့ ကျိန်စာရဲ့အပြစ်ဒဏ်ကို
မောင် သဘောကျတယ် မာန်....

ထိုအခိုက် အခန်းထဲသို့ ပန်းအိုးလေးကိုင်ကာဝင်လာပါသော မယ်မယ်ကြောင့် ကမ္ဘာဟန်မပျက်ပြုံးလိုက်ကာ သူ့ကိုမြင်ပုံမရသေးသည့်အတွက် ...

“မယ်မယ်....”

“ဟင်... ”

စောဒေဝီကလျာ သားဖြစ်သူ၏ခေါ်သံကြောင့် အံ့ဩသွားကာ အသံလာရာဆီကြောင်ကြည့်နေမိသည်။အန္တရာယ်များလွန်းသည့်အခြေအနေမို့ ဆရာနှင့်အတူ အသက်လုကုသရန်ပါသွားပါသော သူမတို့၏ သားကပြန်ရောက်နေသဖြင့် အိမ်မက်လား၊ထင်ယောင်ထင်မှားမြင်‌ယောင်နေတာလားဟုတွေးရင်း မယုံနိုင်စွာမျက်ရည်များဝဲလာရသည်။

“ကမ္ဘာ ... ကမ္ဘာလား....”

“ဟုတ်ကဲ့ မယ်မယ် ...မယ်မယ့်သား စဝ်မင်းကမ္ဘာဦးခိုက်ပါဗျ....”

ပယင်းကြိုးသီ ချစ်သောမောင့်ဆီ(Complete)Where stories live. Discover now