အခန်း (၃၃) သေပီးသားသူက ပြန်ပေါ်လာ

29 7 0
                                    

Unicode

ကံကြမ္မာ ချည်ငင် သို့မဟုတ် ဒဏ္ဍာရီထဲက ဧကရီ

The Legend of a Phoenix Empress: The Beginning Arc

အပိုင်း (၃၃) သေပီးသားသူက ပြန်ပေါ်လာ

လုရီဇီ ၏ သီးသန့်အကျဥ်းဆောင် ထဲသို့ ဝါအောရီ ညဝတ်အင်္ကျီနှင့်ပင် ရေးကြီးသုတ်ပြာ ဝင်လာလေသည်။

" လုရိဇီ.. ငါအိမ်မက်မက်တယ်၊ နင်ရော မြင်ရတယ်မလား..."

" အင်း..."

" အဲ့ဒါဆို ဘယ်လိုလုပ်ကြမလဲ.. "

" ဘယ်လိုမှ မတတ်နိုင်ဘူး လေ၊ ဒါ အနာဂတ် ဘုရင်မကြီး အတွက် မိုးနတ်မင်းရဲ့ စမ်းသပ်ချက်ဆိုရင် ဘယ်လိုမှ ရှောင်ဖယ်လို့မရနိုင်ဘူး။''

" ဒါပေမယ့် အသက်အန္တရယ်အထိကတော့..."

ဝါအောရီ ဆက်မပြောနိုင်ပဲ..

" ကျေးဇူးပြုပြီး ဘုရင်မကြီးကို နတ်ဘုရား တွေ စောင့်ရှောက်ပါစေ။ " ဟု ဆိုကာ စိတ်နှစ်ပြီး ဆုတောင်းသည်။ သူမ တတ်နိုင်တာ ဒါပဲ ဖြစ်သည်။

ထိုအခါ...
" အန္တရယ် နဲ့ ကြုံမှာ အနာဂတ်ဘုရင်မကြီး တင်မဟုတ်ဘူး၊ အန်ဖျင်းမင်းသမီး လဲ ပါတယ်။ ငါမြင်ခဲ့တယ် ဝါအောရီ"

" ဘယ်လို..! "

" ဟုတ်တယ်၊ မိုးနတ်မင်းရဲ့ အစီအစဥ် က ဘာလဲ ဆိုတာ မသိနိုင်ဘူး။"

ထို့အပြင် လုရီဇီ သည် အနက်ရောင်နဂါး တကောင်ကိုပါ ဘုရင်မကြီး အနားမှာ မြင်နေရသည်။ မကောင်းတဲ့ နိမိတ်ဟုလည်း အတပ်သိနေသည်။ သို့သော် ဝါအောရီအား ဖွင့်မပြောဖြစ်။

ထိုစဥ် မှာပင် ဝါအောရီက ..

" ငါ အဖြူရောင် နဂါးကိုလဲ မြင်ရသေးတယ်။ "
ဟုဆိုလေသည်။

" ဘယ်လို..အဖြူရောင် နဂါးဟုတ်လား..ဘယ်လိုမြင်တာလဲ"

" အဖြူရောင် နဂါးတကောင် ကောင်းကင်ယံမှာ ဝဲနေပီး လီတိုင်းပြည် ကို မြိုချလိုက်တယ်၊ လို့ မြင်မက်တယ်၊ တဆက်တည်းမှာပဲ အနာဂတ်ဘုရင်မကြီး လို့ ယူဆရတဲ့ မိန်းကလေး တယောက် အသက်လုပီး ပြေးလွှားနေရတယ်လို့ အိမ်မက်မက်တယ်၊ အဲ့ဒါနဲ့ ငါလဲ ချက်ချင်း ပဲ နင့်ဆီ လာခဲ့တာပဲ။ လုရိဇီ "

ကံကြမ္မာ ချည်ငင် ( ဒဏ္ဍာရီ ထဲက ဧကရီ ) Book 1( Season 1+2)Where stories live. Discover now