အခန်း (၃၂) ကိုယ့်မိန်းကလေးမို့ ပြန်မလွှတ်တော့ဘူး

Start from the beginning
                                    

အရှင်ကလဲ ဒီလို လေတိုက်တာနဲ့ပင် လဲတော့မည့်ဟန်နှင့် နုရွပီး သေးကွေးသော အနှီ မင်းသမီးကို ဘာကြည့်ချစ်နေမှန်း ချီသော်စန်းနားမလည်တော့။

တောင်ပိုင်းသူ အချောအလှ တပုံတပင်ကိုတော့ အနားအကပ်မခံသော အရှင်က ချစ်နေတော့လဲ ဒီမင်းသမီးတဲ့..။ မြောက်ပိုင်းသူပဲ ယူချင်တယ်ဆိုရင် တောင် ဟောဟိုနားမှာ အဝါရောင်ဝတ်ထားပီး အစားအသောက်ကို ချစ်ဖို့ကောင်းအောင် စားနေတဲ့ ဆံပင်အရှည်ကြီးနဲ့ သခင်မလေးလို ပုံစံမျိုးဆိုတော်သေး..၊ စိတ်ပိန်လိုက်တာ..။

သို့နှင့် ရပ်၍ခစားနေသော ဂါအွန်းနှင့် ချီသော်စန်းတို့သည် အသံမထွက် မျက်စောင်းတိုက်ပွဲ ဖြစ်နေလေတော့သည်။

•••••••••••••

ပန်းနုရောင် ဂါဝန်လေးကို အဖြူရောင်ဖြင့် တွဲစပ်ကာ ဝတ်ဆင်ထားသော မင်းသမီးသည် မျက်စိမှိတ်၍ လက်အုပ်ချီကာ ဆုတောင်းသည်။ဆုတောင်းပီးသည့်နောက်တွင် မင်းသမီးသည် အဝေးသို့မျှော်ကြည့်နေလျှင်

Oops! This image does not follow our content guidelines. To continue publishing, please remove it or upload a different image.

ပန်းနုရောင် ဂါဝန်လေးကို အဖြူရောင်ဖြင့် တွဲစပ်ကာ ဝတ်ဆင်ထားသော မင်းသမီးသည် မျက်စိမှိတ်၍ လက်အုပ်ချီကာ ဆုတောင်းသည်။
ဆုတောင်းပီးသည့်နောက်တွင် မင်းသမီးသည် အဝေးသို့မျှော်ကြည့်နေလျှင်..လီယွန်းလဲ သူမဆုတောင်းကို သိလို၍ မေးလေသည်။

" မင်းသမီး..ဘာကို ဆုတောင်းသလဲ"

" ရှင်ကရော.."

" ကိုယ်ကတော့ မင်းသမီး ပျော်ရွှင်ပါစေလို့ပဲ ဆုတောင်းတယ်။ "

' ကိုယ်' ဟူ၍ အသုံးအနှုန်းပြောင်းလဲ သွားသည့်အပေါ် အန်ဖျင်းမင်းသမီး ရင်တွင် ထူးဆန်းသော ခံစားမှုတခု ဖြစ်တည်သွားရသည်။

" ကျွန်မကတော့ ချစ်တဲ့သူတိုင်း ပေါင်းဖက်နိုင်ပါစေ လို့ပဲ ဆုတောင်းတယ်။ "

" အဲ့ဒါဆို မင်းသမီးရဲ့ ဆုတောင်း ပြည့်မှာပါ..။ "

ထိုစကားအပေါ် မင်းသမီး သည် လီယွန်းမျက်နှာကို တချက်မော့ကြည့်လိုက်သည်။ ဘယ်လိုအဓိပ္ပါယ်မျိုးနှင့် သူပြောနေသလဲ ဝေခွဲမရစဥ်မှာပဲ သူမကို ကြည့်နေသည့် သူ့အကြည့်စူးစူးတိူ့ကြောင့် သူမကပဲ မျက်နှာလွှဲလိုက်ရလေသည်။

ကံကြမ္မာ ချည်ငင် ( ဒဏ္ဍာရီ ထဲက ဧကရီ ) Book 1( Season 1+2)Where stories live. Discover now