အပိုင်း✨🍁(၃၉)

Start from the beginning
                                    

“မင်းပဲရောင်းမထွက်နေ...ငါကပိုင်ရှင်ရှိပြီးသားရှင်းလား...မင်းလို ခွေးစားစားကျီးထိုးထိုးအပစ်ခံရမယ့်ရုပ်မဟုတ်ဘူး...မင်းမြတ်ဧကဦးမာန်တို့ကလိုင်စင်နဲ့ ...”
ဧကလေး စိတ်ပေါက်ပေါက်ဖြင့် စပ်ဖြဲဖြဲနှင့်မျက်နှာပြောင်နေသော ထူးခြားကိုပယ်ပယ်နယ်နယ်ဖဲ့ပစ်လိုက်သည်။

“ကိုယ်တွေကပေါလွန်းလို့ခါချနေရတာပါနော်....”

“ဘာလဲ ဖုန်တွေလား....”

“ချီး....”

“ဟား...”
ဧကလေး စိတ်လွတ်လက်လွှတ် အော်ရယ်လိုက်သည်။ဒီအတောအတွင်းသူခုလိုမရယ်ဖြစ်ခဲ့တာတောင် ကြာခဲ့ပြီပဲဖြစ်သည်။သူထူးခြားအားကြည့်ရင်းပြုံးလိုက်ကာ...

“ကျေးဇူးပဲ...”

“ဘာကိုလဲ...အာ မင်းအဆင်ပြေရင်ပြီးတာပါပဲ....”
ထူးခြား ဧကအားပြောင်စပ်စပ်ဖြင့် မျက်စပစ်ရင်းပြောလိုက်သည်။

“အင်း အဆင်ပြေပါတယ်...တစ်ခါတစ်လေကလွဲရင်ပေါ့....”

နှုတ်ခမ်းတွေကပြုံးပြီးပြောနေပေမယ့် ဧကရဲ့မျက်ဝန်းထဲက လွမ်းဆွတ်ဝမ်းနည်းနေသည့်အရိပ်‌အယောင်များကို မြင်တိုင်း ထူးခြားလည်းထပ်တူဝမ်းနည်းရသည်။တစ်ဦးတည်းသော သူငယ်ချင်းလေးမို့ သူနာကျင်ရသည့်အခါ သူမပျော်ရွှင်ရတဲ့အခါ ကိုယ်လည်းထပ်တူနာကျင်ဝမ်းနည်းရသည်ပင်။ထို့ကြောင့် သူ့သူငယ်ချင်းလေး စိတ်သက်သာရာရဖို့ ပေါက်ကရတွေပြောရင်း တတ်နိုင်သလောက်လုပ်ပေးနေမိသည်။

“မင်း...”

“အင်း....”

“ငါ့ကိုပြောပြချင်လား....”

“.....”

ဧကလေး လက်ပတ်ကြိုးလေးမှ ပယင်းကျောက်လေးကိုပွတ်သပ်နေရင်းငြိမ်သွားသည်။ထို့နောက် သက်ပြင်းကိုခပ်ဖွဖွရှိုက်လိုက်မိသည်။

“မင်း အဆင်မပြေရင်လည်းမပြောပြပါနဲ့...ငါကဒီတိုင်း မင်းတစ်ယောက်ထဲ ခံစားနေရတာမျိုးမကြည့်ရက်လို့ပါ...ငါတို့ကသူငယ်ချင်းတွေမလား...ဘာနေနေ ငါ့ကိုပြောပြလို့ရပါတယ်...ပျော်စရာပဲဖြစ်ဖြစ် နာကျင်စရာတွေပဲဖြစ်ဖြစ် ဝေမျှပေးလို့ရတယ်...မင်းဘက်မှာ ငါရှိတယ်ဆိုတာကိုမှတ်ထားပေး....”

ပယင်းကြိုးသီ ချစ်သောမောင့်ဆီ(Complete)Where stories live. Discover now