အပိုင်း✨🍁(၃၈)

Start from the beginning
                                    

“ထမင်းစားရအောင်လေသား...အောက်မှာ ဒယ်ဒီတို့ရောက်နေပြီ....ဒီနေ့သက္ကရာဇ်လေးလည်း ရုံးစောဆင်းလာတယ်...ပါးပါးတို့ မိသားစုလေး ထမင်းလက်‌စုံစားကြတာပေါ့...ပါးပါး သားကြိုက်တဲ့ဟင်းလေးတွေချက်ထားတယ်...”

အမှန်တိုင်းပြောရလျှင် ဧကလေးစားချင်စိတ်မရှိပေ။ဧကလေး စားချင်စိတ်မရှိ၊သွားချင်လာချင်စိတ်မရှိဘဲ gymအခန်းနဲ့ ပန်းချီခန်းထဲ‌တွင် ကိုယ့်ကိုကိုယ်ပိတ်လှောင်ခဲ့တာ နှစ်ဝက်နီးပါးရှိနေပြီဖြစ်သည်။
သို့သော်လည်း သူ့အားမျှော်လင့်တကြီးကြည့်နေသော ပါးပါးနှင့် အောက်မှာစောင့်နေကြမည့် ဒယ်ဒီတို့ကြောင့် မစားချင်သော်လည်း နည်းနည်းပါးပါးစားဖို့ဆုံးဖြတ်လိုက်သည်။

“ဟုတ်ကဲ့ပါးပါး သား လက်ဆေးပြီးရင်လိုက်ခဲ့မယ်နော် ပါးပါးအရင်သွားနှင့်လိုက်...သား‌ နောက်ကလိုက်ခဲ့မယ်....”

“အင်း အင်း ...အဲ့ဒါဆို ပါးပါးအောက်ကစောင့်နေမယ်နော်...”

“ဟုတ်...”
ဧကလေး ပါးပါးဆင်းသွားသည်နှင့် ဆွဲလက်စပန်းချီကားချပ်ကို လက်စသတ်ပြီး အသာဖြုတ်လိုက်ကာ အခန်းထောင့်က ပန်းချီstandများထားရာနေရာဆီသွားပြီးထားလိုက်သည်။
ထိုနေရာတွင်တော့ ပိတ်ဖြူစများဖြင့်အုပ်ထားသော ပန်းချီကားချပ်များ များစွာနေရာယူထားသည်။ထိုပန်းချီကားချပ်များကိုသာ ဖွင့်ကြည့်လိုက်ပါက တူညီသည့်မျက်ဝန်းတစ်စုံ၏ အမူအရာအမျိုးမျိုးကိုတွေ့မြင်ရမည်ဖြစ်သည်။
ထို့နောက်တွင်တော့ ဧကလေး ပန်းချီကားချပ်ကိုသေချာနေရာချလိုက်ပြီး လက်ကိုသေချာဆေးကာ အောက်ဆင်းလာလိုက်သည်။

**********

ထမင်းစားခန်းထဲကစားပွဲဝိုင်းတွင် လူသုံးယောက် လည်တဆန့်ဆန့်ဖြင့် လှေကားပေါ်မှ ဆင်းလာမည့်အရိပ်လေးအားမျှော်နေကြသည်။

“ကိုယ့်အချစ် သားက ထမင်းဆင်းစားမယ်တဲ့လား...”

“ဟုတ်ကိုကို...ဦးညိုကိုအရင်ဆင်းနှင့် သူကိုယ်လက်သန့်စင်ပြီးရင်ဆင်းလာခဲ့မယ်လို့ပြောတယ်...မပြီးသေးလို့ထင်တယ်...”

“အွန်းအွန်း....”
ကုဋေခေါင်းညိတ်ပြလိုက်ရင်း

“သားငယ် ဒီနေ့ ပရောဂျက်အသစ်ကအဆင်ပြေခဲ့လား...”

ပယင်းကြိုးသီ ချစ်သောမောင့်ဆီ(Complete)Where stories live. Discover now