Chapter 61

5.9K 1.2K 102
                                    

『 Unicode 』

အပိုင်း ၆၁ :  မခွဲနိုင်ဘူး

ဇန်နဝါရီလနှောင်းပိုင်းမှာတင် နန်ကျိုးရဲ့ ဆောင်းရာသီက အတော်လေးကို အေးနေပြီ။ မနက်ကုချီနန် ထွက်လာတော့ ကျောင်းဝတ်စုံအောက်မှာ သိုးမွှေးဆွယ်တာတစ်ထည် ခံဝတ်လာခဲ့ပြီး အပေါ်မှာတော့ down jacket ထူထူတစ်ထည်ကို ဝတ်လာခဲ့တယ်။

သူ မြေအောက်ရထား ဘူတာရုံက ထွက်လိုက်တာနဲ့ ကျန့်မင်က သူ့ကို စောင့်နှင့်နေပြီ။

ဒီနေ့ အပူချိန်က ချမ်းစိမ့်နေတယ်။ အမြဲတမ်း ဆွယ်တာပေါ်မှာ ကျောင်းဝတ်စုံထပ်ဝတ်လေ့ရှိတဲ့ ကျန့်ကောက နောက်ဆုံးတော့ ဒီနေ့မှာ ဆင်တူ down jacket ကို ဝတ်လာခဲ့လေပြီ။ ကုချီနန်က ပျော်တပြုံးပြုံးနဲ့ လျှောက်သွားလိုက်ပြီး တီးတိုးပြောလိုက်တယ်။

“ ငါတို့ ဒီနေ့ စုံတွဲအင်္ကျီဝတ်ထားကြတာပဲ ”

ကျန့်ကောက လက်တစ်ဖက်ဆန့်ပြီး ကုချီနန်ရဲ့ ဆွယ်တာနဲ့ ဦးထုပ်ကို ဆွဲတင်ကာ ပြောတယ်။

“ လေပြင်းတယ်။ ဆောင်းထား ”

ကုချီနန်က စကူတာပေါ် တက်လိုက်တယ်။ ကျန့်ကောတစ်ယောက် ဘယ်လောက်တောင် ချောရ၊ လန်းရသလဲ ဆိုပြီး သက်ပြင်းချနေမိတာ ဒါ ၁၀၀၁ ကြိမ်မြောက်ပဲ။ လန်းလဲ လန်းတယ်၊ ချောလဲ ချောတယ်။

ရှယ်ချော၊ ရှယ်လန်းတဲ့ ကျန့်ကောကတော့ စိတ်လှုပ်ရှားနေတယ်။ ဒါပေမဲ့ မျက်နှာပေါ်မှာတော့ အမူအရာကင်းမဲ့လျက်။ ကျောင်းထဲရောက်တော့ သူက ထုံးစံအတိုင်းပဲ ကုချီနန်ကို လက်ပြနှုတ်ဆက်ပြီး သူ့ရဲ့ စာမေးပွဲအခန်းထဲကို လျှောက်သွားလိုက်တယ်။

ကုချီနန်က အမြဲတမ်း ပထမဆုံးစာမေးပွဲအခန်းထဲက ပထမဆုံးခုံမှာ ထိုင်ရတယ်။

ဒီအချိန်ရောက်တိုင်း ကျန့်ကောက အမြဲတစေ သူနဲ့ ကုချီနန်အကြား ကွာခြားချက်ကို ပြင်းပြင်းထန်ထန် ခံစားမိတယ်။

သူ စာမေးပွဲအခန်းထဲ ဝင်၊ သူ့ထိုင်ခုံကို ရှာပြီး သက်မအရှည်ကြီးတစ်ချက် ချတယ်။

I'll Have My Seatmate Beat You || မြန်မာဘာသာပြန် || 『 COMPLETED 』Where stories live. Discover now