Chapter 57

6.6K 1.2K 136
                                    

『 Unicode 』

အပိုင်း ၅၇ : Dating (1)

နောက်ဆုံးမှာတော့ ကုချီနန်က ပလက်စတစ်အိတ်ကို မယူခဲ့တော့ဘဲ သူ့ပစ္စည်း၊ ပစ္စယတွေကို အငှားတိုက်ခန်းကျဉ်းလေးထဲမှာပဲ ထားခဲ့လိုက်တော့တယ်။

ကျန့်ကောက သူ့ဖတ်စာအုပ်တွေနဲ့ အဝတ်အစားတွေကို ရိုးရိုးတန်းတန်းပဲ ထုပ်ပိုးပြီး ကျောပိုးအိတ်တစ်လုံးလွယ်ကာ သူ့နောက်ကို လိုက်လာခဲ့တယ်။

ကုချီနန်မှာ မြေအောက်ရထားပေါ် ရောက်သွားတာတောင် ရီဝေဝေဖြစ်နေသေးဆဲ။

အငှားတိုက်ခန်းကျဉ်းလေးကနေ မြေအောက်ရထားဘူတာအထိ လာခဲ့တဲ့ မိနစ်ပိုင်းလေးအတွင်းမှာ သူတို့နှစ်ဦးလုံး ကိုယ်ထက်ဝက်လောက် စိုရွှဲသွားခဲ့ကြတယ်။ ကုချီနန်က နည်းနည်းတော့ ပိုအဆင်ပြေသေးတယ်။ သူ ထွက်လာတုန်းက ကျန့်ကောက သူ့ကို ဝတ်ဖို့ ဂျာကင်တစ်ထည် ဆွဲယူလာခဲ့‌တယ်။

ကျန့်ကောက ရေငုံနှုတ်ပိတ်ကာ စကားတစ်ခွန်းမဆိုသေး။

ကုချီနန်ကလဲ မပြောပေမဲ့ သူ့ဦးနှောက်ကတော့ တဝှီးဝှီးပြေးလွှားနေတယ်။

အခုဆိုရင် ကျန့်ကောက ဘာတွေ တွေးနေခဲ့လဲဆိုတာကို သူ ခန့်မှန်းကောင်း ခန့်မှန်းနိုင်သွားခဲ့ပြီ။ ကျန့်ကောနဲ့ ပတ်သတ်ပြီး သူ့ရဲ့ ခံစားချက်တွေက ဘာမှမမှားဘူး။ ကျန့်ကောက သူ့ကို ကြိုက်တယ်။

ကျန့်ကောလို ထုံထုံအအနဲ့ လူက ဘာလို့ ဒီလို ရူးရူးမိုက်မိုက်ကိစ္စတို့ကို တွေးနေခဲ့လဲ ဆိုတာကို သူ မသိပေ။ သူတို့တွေက တစ်ယောက်နဲ့ တစ်ယောက် မလိုက်ဖက်ဘူး၊ အတူတူမရှိသင့်ဘူးလို့ တွေးနေခဲ့တယ်။ ကုချီနန်က ဂေးမဖြစ်သင့်ဘူးလို့တောင် တွေးကိုတွေးခဲ့အုံးမှာ။ ကျန့်ကောက သူသာ ကုချီနန်ကို ငြင်းနေသ၍ ကုချီနန်ရဲ့ လိင်စိတ်ခံယူမှုက ပုံမှန်အတိုင်း ပြန်ဖြစ်သွားနိုင်လိမ့်မယ်လို့ တွေးကောင်းတွေးနေခဲ့လောက်တယ်။

ဒါပေမဲ့ အခုတော့ ဒါတွေက အရေးမကြီးတော့ပါဘူး။

ကုချီနန်က ကျန့်ကောကို ဖျတ်ခနဲ ဝေ့ကြည့်လိုက်တယ်။

I'll Have My Seatmate Beat You || မြန်မာဘာသာပြန် || 『 COMPLETED 』Where stories live. Discover now