Chapter 9✰Edited

Mulai dari awal
                                    

ဘာမှမဖြစ်ခဲ့သလိုမျိုး သူတို့ဘယ်လိုလုပ်ဟန်ဆောင်နိုင်မှာလဲ? အဲ့ဒါက မင်းရဲ့ပါးတွေကို လက်ချောင်းတစ်ချောင်းနဲ့ပွတ်သပ်ခံလိုက်ရပြီး ထိုနေရာမှာ အပူတွေစုလို့ကျန်ရှိနေသလိုမျိုးပေါ့။

မင်းအဲ့ဒါ့ကို မှတ်မိနေလိမ့်မယ် ဒါမှမဟုတ် အစောကတည်းက မင်းမှတ်မိနေပြီးပြီ။

သူတို့အဲ့ဒါကိုလုပ်ခဲ့ပြီးကတည်းက သူတို့ကအတော်လေးသင့်တော်တာကြောင့် ချက်ချင်း လက်ထပ်မဲ့လက်တွဲဖော်အဖြစ် တိုးတက်သွားခြင်းဟာ တော်တော်လေး ယုတ္တိရှိတယ်လို့ တစ်ဖက်လူက ဆိုလိုတာလား...?

ကျင်ရွှင်က သူ့မျက်လုံးကိုပင့်ကာ တစ်ဖက်လူကိုပထမဆုံးအကြိမ် အစပြု၍ကြည့်ရှုလိုက်သည်။

တစ်ဖက်လူက အရပ်ရှည်ရုံတင်မကဘဲ အလွန်အမင်းကို ဖြောင့်မတ်စွာထိုင်နေသည်။ ယခုလိုမျိုး လှပတဲ့ အပြင်အဆင်နဲ့ ခေတ်နောက်ပြန်ပုံစံ ကဖေးထဲမှာ သူက ပြင်သစ်တော်ဝင်ညီလာခံကနေ လျှောက်လှမ်းထွက်လာတဲ့ တော်ဝင်မင်းသားတစ်ပါးလိုပင်၊ ဆီဆေးပန်းချီကားတစ်ချပ်လိုမျိုး အစစ်အမှန်နဲ့မတူပေ။

ရိုးရိုးသားသားပြောရရင် သူ့အသွင်အပြင်ကိုပဲဖြစ်ဖြစ် ဒါမှမဟုတ် သူကိစ္စတွေကို ကိုင်တွယ်ဖြေရှင်းတဲ့နည်းလမ်းကိုပဲဖြစ်ဖြစ် ဒီလိုလူကို မည်သူကမှငြင်းဆန်နိုင်မှာ မဟုတ်ပေ။

သို့ပေမဲ့...

"ဒါပေမဲ့ ရှဲန်းရှန်၊ လက်ထပ်တာတို့ ဘာတို့က... အရမ်းမြန်တယ်လို့ ကျွန်တော်ထင်တယ်" ကျင်ရွှင်က ပါးနပ်စွာပြောလိုက်၏:
" ပြီးတော့ ကျွန်တော်က ဒီနှစ်မှာ ဂျူနီယာတစ်ယောက်ပဲဖြစ်သေးတာ"

" ဒါက မင်းရဲ့ပူပန်မှုဆိုရင် ကိုယ်တို့အရင် စေ့စပ်ထားလို့ရပါတယ်"

Mr.ခြေတံရှည် : " လက်ထပ်ပွဲက ပြီးစလွယ်ဖြစ်လို့မရဘူး။ နဂိုထဲက အဲ့တာက အရမ်းမြန်မြန်မကျင်းပသင့်ဘူးလေ"

စေ့စပ်မယ်...?
ခင်ပွန်းလောင်းအနေနဲ့?

ကျင်ရွှင်က သူ့အာရုံစိုက်မှုအားလုံးကို တစ်ဖက်လူပြောလိုက်တဲ့စကားရဲ့ ပထမတစ်ဝက်မှာ အာရုံစိုက်လိုက်၏။

ဆန်ကုန်မြေလေးGong၏ ဗီလိန်အစ်ကိုအားလက်ထပ်ခြင်း {Completed}Tempat cerita menjadi hidup. Temukan sekarang