Chapter 4✰Edited

13.4K 1.4K 48
                                    

Unicode

Chapter 4 : ရန်သူရဲ့ရန်သူဟာ မိတ်ဆွေပဲ

ကျင်ရွှင် လုပ်ဆောင်ချက်အချို့လုပ်ပြီးနောက် ဗီဒီယိုက အင်တာနက်ပေါ်မှာ ပျံ့နှံ့နေမှန်း သေချာလို့သွား၏။

Weiboပေါ်မှ hot searchက ဖိနှိပ်ခံလိုက်ရပေမဲ့လည်း ဗီဒီယိုရဲ့တည်ရှိနေသေးမှုနဲ့ ညံ့ဖျင်းတဲ့စာရိတ္တ၊အပြုအမူရှိကြသော ချမ်းသာတဲ့ဒုတိယမျိုးဆက်အချို့ရဲ့ ပြုမူပုံတွေကို ဖော်ထုတ်ခံလိုက်ရတာကြောင့် ချမ်းသာသူတွေအားမုန်းတီးနေကြတဲ့ netizenတွေရဲ့ဒေါသကို အမှတ်မထင်သွားဆွမိသွားရာ အကြောင်းအရာက အခုချိန်ထိကျော်ကြားနေဆဲပင်။

ဗီဒီယိုထဲမှာပါသွားတဲ့ လင်လိနဲ့အခြားသူတွေက ဗီဒီယိုကိုဖျက်ပစ်ဖို့ ပိုက်ဆံတွေသုံးနေပေမဲ့လည်း သူတို့လုံးဝဖျက်ပစ်လို့မရနိုင်လေဘူး။

ဗီဒီယိုက မိုးရွာပြီးနောက်ထွက်ပေါ်လာတဲ့ ပေါင်းပင်တွေလိုပဲ၊ တစ်နေရာမှာဖျက်ပစ်လိုက်ပြီး မကြာပါဘူး အခြားနေရာတွေမှာ အရိုင်းဆန်စွာ ထပ်မံပေါ်ပေါက်လာသည်။ နောက်ပိုင်း သူတို့ဟက်ကာတွေငှားခဲ့ပေမဲ့ သူတို့လိုချင်တာကိုရဖို့ ကျရှုံးနေမြဲပင်။ ၎င်းကိုမဖျက်နိုင်ရုံတင်မကဘဲ ဘာလို့မဖျက်နိုင်ရတာလဲဆိုတဲ့ အကြောင်းအရင်းကိုတောင် ရှာမရဘူး!

သူတို့သိတဲ့တစ်ခုတည်းသောအရာကတော့ ဗီဒီယိုဟာ အလွန်အမင်းကို မြင့်မားတဲ့Firewallနဲ့အတူ နေရာတစ်ခုမှာထားရှိခြင်းခံထားရသည်။ အဲ့ဒါကို ဘယ်သူလုပ်တာလဲ၊ ဘယ်လိုလုပ်ထားတာလဲ၊ ဘယ်လိုကျော်လွှားရမလဲဆိုတာကတော့…ဘယ်သူ့ဆီမှာမှ သဲလွန်စမရှိကြဘူး။

လင်လိနဲ့အခြားသူတွေက အရမ်းကိုစိုးရိမ်ပူပန်နေကြရပြီး ဒီကိစ္စမှာတိုက်ရိုက်မပါဝင်ခဲ့တဲ့ ရှန်ပေါ်ဟန်တောင်မှ အချိန်ကောင်းတစ်ခုရမနေပေ။

သူက ဗီဒီယိုထဲမှာမပါပေမဲ့ လင်လိနဲ့အခြားသူတွေက သူနဲ့တူတူအပြင်ထွက်လည်ကြကြောင်း သူ့မိသားစုရှိလူတိုင်း သိကြသည်။

အခု ထိုလူအနည်းငယ်က netizenတွေရဲ့လှောင်ပြောင်သရော်မှုကိုခံနေရပြီး အပူမီးက အခုထိမငြိမ်းသက်သေးတာကြောင့် သူ့မိသားစုရှိအကြီးအကဲတွေကလည်း သဘာဝကျစွာပဲ ဒီကိစ္စကို သတိထားမိလာကြ၏။

ဆန်ကုန်မြေလေးGong၏ ဗီလိန်အစ်ကိုအားလက်ထပ်ခြင်း {Completed}Where stories live. Discover now