Chapter 48

15.2K 2.2K 91
                                    

Zawgyi

မနက်စာစားပြီးနောက် အဝတ်လဲတဲ့အချိန် ကျင်ရွှင်က တမင်သက်သက် ကော်လံမြင့်ပါတဲ့ရှပ်တစ်ထည်ကို ရွေးလိုက်သည်။

မမှားပါဘူး ရှန်ရိကျင်း သူ့အတွက်ဝယ်ခဲ့ပေးတဲ့အဝတ်တွေအများကြီးထဲမှာ ဒီပုံစံရှပ်တွေက ပိုပိုပြီးတော့ကို တွေ့နေကျဖြစ်လာပြီလေ။

ပုံမှန်အားဖြင့် ကျင်ရွှင်က ဒီပုံစံဝတ်ရတာမကြိုက်ပေ ဘာလို့လဲဆိုတော့ သူကျောင်းမှာ ရှိနေတဲ့အချိန် ဒါမှမဟုတ် ပြိုင်ပွဲဝင်ပြိုင်ဖို့ သွားတဲ့အချိန်တွေမှာ ဒါတွေပဲဝတ်ရတာလေ။ ဒါပေမယ့် အခုချိန်မှာ သူက *လွတ်လပ်တဲ့ကျင်ရွှင်ဖြစ်နေပြီလေ။ သို့ပေမယ့် ဒီနေ့ကတော့ ဘာပဲဖြစ်ဖြစ် သူဒါကိုဝတ်ရမယ် အဓိကအကြောင်းပြချက်ကတော့ မနေ့ညက သူအကိုက်ခံထားရလို့ပင်။ အသစ်တွေက အဟောင်းတွေဆီ ထပ်ပေါင်းလာပြီး အရမ်းကိုမျက်စိဖမ်းစားဖွယ်ဖြစ်နေသည်။

[*ဒီနေရာမှာသုံးနှုန်းထားတာက အရင်က ပြုမူပုံတွေကို စွန့်လွှတ်ပြီး ကိုယ့်ရဲ့စစ်မှန်တဲ့စရိုက်အတိုင်းပြုမူတာကို ဆိုလိုတာပါ။ ပြောချင်တာကတော့ သူက အရင်ဘဝက ဗိုင်းကောင်းကျောက်ဖိ ၊ အပြုအမူတိုင်း ထိန်းသိမ်းနေရတဲ့ကျင်ရွှင်မဟုတ်တော့ဘဲ ပိုပြီးလွတ်လပ်တဲ့ကျင်ရွှင်ဖြစ်လာတာကို ဆိုလိုချင်တာပါ]

ကံကောင်းစွာနဲ့ ရှန်ရိကျင်းက ဒီအချက်ကို အထူးအာရုံစိုက်ထားတာမို့ ရှန်ရိကျင်းကိုက်ထားတဲ့နေရာက သိပ်မမြင့်တာကို ကျင်ရွှင်မသိပေ။

သူက အပေါ်ကြယ်သီးတပ်လိုက်တာကြောင့် အဲ့ဒါကို တင်းတင်းကျပ်ကျပ်ကာဆီးထားနိုင်သွားလေပြီ။ အဝတ်တွေလဲပြီးတဲ့အခါမှာတော့ ကျင်ရွှင်က ရှန်ရိကျင်းနဲ့ ထွက်ခွာလိုက်သည်။

သူတို့က မနက်စောစောအိမ်ကနေ ထွက်ခဲ့တာမို့ အဲ့အခိုက်အတန့်မှာ ယာဉ်ကြောပိတ်မနေပေ။ ဒါပေမယ့် သူတို့ကုမ္ပဏီကိုရောက်တဲ့အချိန် လူများစွာက သူတို့အလုပ်တွေကို စတင်နေကြပြီ။

ရိဝေ့နည်းပညာကုမ္ပဏီက Dragonမြို့တော် သိပ္ပံနည်းပညာပန်းခြံထဲက အဆောက်အဦးအသေးလေးမှာ ထားရှိထားတာဖြစ်သည်။

ဆန်ကုန်မြေလေးGong၏ ဗီလိန်အစ်ကိုအားလက်ထပ်ခြင်း {Completed}Where stories live. Discover now