Chapter 9✰Edited

Start from the beginning
                                    

ကျင်ရွှင့်မျက်လုံးထဲမှ တစ်ဖက်လူ၏ပုံရိပ်က မနိမ့်ကျသွားဘဲ အဲ့အစား ရုတ်ခြည်း မြင့်တက်သွားတာက အံ့သြဖွယ်ပင်။ သူ့မျက်နှာထားက ထူးမခြားနားစွာရှိနေဆဲဖြစ်နေတာတောင်မှ သူ့မျက်ဝန်းတွေက အေးစက်ခက်ထန်နေပြီး လူတွေအား မသိစိတ်အလျောက်နောက်ပြန်ဆုတ်ချင်လာအောင် ပြုလုပ်နေလျက်။

ဒါပေမဲ့...

" ဒါပေမဲ့ ကျွန်တော်တို့ ဘာလို့လက်ထပ်မှရမှာလဲ?"

ကျင်ရွှင် အဲ့အပိုင်းကို နားမလည်သေးပေ။

နေမကောင်းတဲ့ လူကြီးမင်းကို တတ်နိုင်သမျှ ထိခိုက်မှုမရှိအောင်၊ တစ်ဖက်လူနားလည်မှုလွဲသွားမှာနဲ့ သူ့စိတ်အားနာကျင်သွားစေမှာကို ရှောင်ရှားရန် သူအလျင်အမြန် ထပ်ပေါင်းပြောလိုက်သည် :
" အကယ်လို့ ခင်ဗျား စိတ်မရှိဘူးဆိုရင် ခင်ဗျား စိတ်အခြေအနေမကောင်းတဲ့အချိန်တိုင်း ကျွန်တော့်ဆီ လာလို့ရပါတယ်..."

ရုတ်တရက် ဤအရာက အတန်ငယ်ဟိုလိုလိုသည်လိုလိုဖြစ်နေမှန်း ခံစားမိလိုက်တာကြောင့် ကျင်ရွှင့်နားတွေက နီရဲသွားသည် :
" အာ...ကျွန်တော်ဆိုလိုတာကလေ...ရှဲန်းရှန်၊ ခင်ဗျားသာ အလိုရှိတယ်ဆိုရင် ကျွန်တော်တို့ အခြားအရာတွေလုပ်လို့ရတယ်လေ...ထွေထွေထူးထူးမဟုတ်ပါဘူး...ဒီတိုင်းရိုးရိုးရှင်းရှင်း စာအုပ်ဖတ်တာတို့ စစ်တုရင်ကစားတာတို့..."

ဟေး ၊ သူပိုပြောလေလေ အဲ့စကားလုံးတွေက ဘာလို့ပိုထူးဆန်းလေလေဖြစ်လာရတာတုန်း!

" ဘာလို့လဲဆိုတော့ ကိုယ်တို့တူတူအိပ်ခဲ့လို့လေ"

"......"

အမျိုးသားက သူ့အားအထင်မလွဲခဲ့ပေ။ သူက ကျင်ရွှင့်မေးခွန်းကို ဖြေရုံမျှသာဖြစ်ပြီး စိတ်ရှုပ်နေမှန်း သိသာလှ၏။ တစ်ဖက်လူရဲ့ မက်မွန်ပွင့်သဏ္ဌာန်မျက်ဝန်းတွေသည်လည်း သံသယတွေနဲ့ပြည့်နှက်နေလေသည် :
" ဒါက အကောင်းဆုံးနည်းလမ်းပဲလေ၊ မဟုတ်ဘူးလား?"

ကျင်ရွှင် : "..."

တစ်ဖက်လူက ဘာကိုသိရှိစေဖို့ကြိုးစားနေတာလဲဆိုတာကို သူနားလည်လာပုံပဲ။

ဆန်ကုန်မြေလေးGong၏ ဗီလိန်အစ်ကိုအားလက်ထပ်ခြင်း {Completed}Where stories live. Discover now