Part-3

1.8K 113 3
                                    

Unicode

အိမ်ပြန်ရောက်တော့ မေမေတို့ကို ကြွားမိသည်။
စတက်တဲ့နေ့မှာတင် သူငယ်ချင်းတွေအများကြီး ရခဲ့သည်ဟု။

မေမေတို့ကလည်း သူ့သားချစ်မွှေးလေးကို
မြင်တာနဲ့ လူခင်သွားတာကို ဝမ်းသာတပန်းဖြစ်မဆုံး။

ဤသို့ဖြင့် Jung Kook က ကျွန်တော်
အချစ်ဆုံးသူငယ်ချင်းတွေ ဖြစ်လာသည်။

သူကလည်း ကျွန်တော့်ကို အလိုလိုက်သည်။
စတွေ့တည်းက မသိစိတ်က ခင်နေပြီးသားမို့
ကိုယ့်ဘက်ကသာ ပိုရင်းနှီးသလိုဖြစ်ခဲ့တာ။

သူကတော့ ကိုယ့်ကိုယ်ဘယ်လိုသဘောထားလဲမသိပေမယ့် တကယ်ခင်တဲ့ပုံတော့ပေါ်ပါသည်။

အခင်ဆုံးသူငယ်ချင်းတွေလို နေခဲ့ကြပေမယ့်
ကျွန်တော့်ဘက်က သူ့အပေါ် စိတ်ယိုင်နေမိခဲ့တာကလည်း ပိုသိသာလာခဲ့သည်။

စစတွေ့ချင်းတည်းက ရင်ခုန်ခဲ့တာကိုသတိမထားမိခဲ့ပေမယ့် အနေကြာလာတာနဲ့အမျှ
သူ့ကိုသဘောထားပုံတွေအကုန်လုံး တစ်စတစ်စ ပေါ်လာခဲ့သည်။

အခုဆို စာသင်နှစ်တစ်နှစ်ပြီးတော့မည်။
Jeon Jung Kook သူငယ်ချင်းဆိုပြီး တော်ရုံ
အနားမကပ်လာကြ။

ကိုယ်ကသာ စိတ်ပူနေပြီး အနိုင်ကျင့်ခံရမယ်ထင်တာ သူနဲ့ပေါင်းမိပြီး လာတောင်မနှောက်ယှက်ကြရဲတော့ဘူးတဲ့။

Jeon Jung Kook က ဘယ်လိုလူလဲတော့မသိဘူး။
ဒါပေမယ့် ကျွန်တော်နဲ့ ပေါင်းနိုင်တဲ့သူတစ်ယောက်တော့ရှိသေးသည်။

Park Ji Min ပေါ့။ ငယ်ငယ်ကမူကြိုတူတူတက်ခဲ့ပြီး ဆိုးလ်ကိုသူအရင်ပြောင်းသွားတော့ အဆက်ပြတ်သွားကြတာ။

အဲ့တုန်းက ငယ်သေးကြတာမို့ မဆက်သွယ်မိကြတော့ပေမယ့် တူတူဆော့ တူတူကြီးခဲ့ပြီး
အချစ်ဆုံးတွေ ဖြစ်ခဲ့ကြတာမို့ ချက်ချင်းမှတ်မိသွားပြီး ခဏလေးပြန်ရင်းနှီးသွားကြတာလည်းမဆန်း။

ဘာလိုလို အမြဲအနားမှာ အဆင်သင့်ရှိပေးသည်။ ကျွန်တော့်ဘက်ကရော သူ့ဘက်ကရော အကြောင်းတွေဘာမှလျှိုမထားကြ။

အချင်းချင်း ရင်ဖွင့်ဖော်ဖြစ်ပေးသည်။
ကျွန်တော် Jung Kook ကို စိတ်ဝင်စားနေတာလည်း သူသိသည်။

Away U (Completed)Where stories live. Discover now