မျှော်လင့်ချက်မဲ့ခြင်း

Depuis le début
                                    

ဒါဆိုအခုကဘယ်လိုဖြစ်သွားရတာလဲ..

သူ့ဉီးနှောက်သို့အတိတ်လျှပ်စီးကြောင်းကဝင်လာ၏။ဤအခန်းသည် သူဆေးရုံမတက်မီကနေထိုင်ခဲ့သည့်အခန်းဖြစ်သည်။ရိုးရှင်းသောပရိဘောဂများရှိပြီး နေရာလွတ်ကလည်းများပေသည်။သူဤကဲ့သို့သောအခြေအနေအားလက်ခံဖို့ရန်အနည်းငယ်တွန့်ဆုတ်နေသေးသည်။ဤအခိုက်အတန့်ကအလွန်ပင်ရင်းနှီးနေသယောင်ခံစားနေရပြီးအရင်တစ်ချိန်ကဖြစ်ပျက်ခဲ့ဖူးသလိုပင်။ [ dejavu ]

ရုတ်တရက်အခြေအနေတစ်ရပ်အားသတိရသွားမိသည်နှင့်သူ၏လက်သီးဆုပ်များကပိုမိုတင်းကြပ်သွားသည်။သူ့မှန်းဆချက်မှန်မမှန်ကိုအတည်ပြုဖို့ရန် စိတ်အားထက်သန်နေတာကြောင့် အလျင်စလိုနှင့်ပင်ဖုန်းကိုဖွင့်ရန်လုပ်လိုက်သည်။စက်ပိတ်နေသောထိုဖုန်းကိုဖွင့်ဖို့ရန်သူဖုန်းကိုအားသွင့်ဖို့လိုနေသေးသည်။သို့သော်တုန်ယင်နေသောလက်များကြောင့် အားသွင်းကြိုးကို အားသွင်းပေါက်အတွင်းသို့တည့်အောင်ပင်မသွင်းနိုင်တော့။အချိန်အတန်ကြာမှ ဖုန်းကိုသွင်းကာပါဝါဖွင့်ပြီးကြည့်လိုက်ရသည်။ဖန်သားမျက်နှာပြင်မှမီးလင်းလာသည်ကိုကြည့်ရင်း မြင်တွေ့လိုက်ရသည့်ရက်စွဲတစ်ခုက သူ့ဉီးနှောက်အား ပေါက်ကွဲသွားစေမယောင်ပြင်းထန်လှသည်။

လွန်ခဲ့တဲ့သုံးနှစ်ကိုပြန်ရောက်လာခဲ့တယ်

တိတ်ဆိတ်နေသောအခန်းအတွင်း၌ရုတ်တရက်ဆိုသလိုကျယ်လောင်သောဖုန်းမြည်သံတစ်ခုထွက်ပေါ်လာ၏။ရှရှီးသည် သူ့စိတ်အားဉီးစွာတည်ငြိမ်အောင်လုပ်လိုက်ပြီးမှ ဖုန်းဖြေခလုတ်ကိုသူ့လက်ညှိုးဖြင့်ဆွဲလိုက်သည်။အခြားတစ်ဖက်မှခေါ်ဆိုသူကလည်း သူဖုန်းဖြေမည်ကိုမမျှော်လင့်ထားသလို တစ်ခဏလောက်တိတ်ဆိတ်နေပြီးမှ ကျယ်လောင်စွာအော်ဟစ်လာ၏။

" ရှရှီး !!! "

" နင်နောက်ဆုံးတော့ ဖုန်းပြန်ဖြေဖို့ဆန္ဒရှိပြီပေါ့ဟုတ်လား..နင်ဘယ်တွေရောက်နေတာလဲ..
f*uck ပဲ..ငါ့ကိုတစ်ခုခုပြောစမ်းပါ...နင်က နင့်ရဲ့ညီမကိုစိတ်ဆင်းရဲပြီးသေသွားစေချင်နေတာလား..နင့်ကိုဂြိုလ်သားတွေကပြန်ပေးဆွဲသွားလို့လား..ဖြေရှင်းချက်တစ်ခုလောက်ပေးခဲ့စမ်းပါ..
နင်ငါ့ကိုနည်းနည်းပါးပါးလေးအကြောင်းကြားလို့မရဘူးလား...ဟမ် "

ဆန်ကုန်မြေလေး gong ကငါ့ကိုနောက်တစ်ကြိမ်ပြန်ပြီးလက်ထပ်ချင်နေတယ်[mm translation] Où les histoires vivent. Découvrez maintenant