"ဓားထိရင်ဘယ်လိုလုပ်မလဲ သား ဓားထိမှာကြောက်တယ်"

"နင် ဒီအသက်အရွယ်ပဲရောက်နေပြီ
ဓားနဲ့သိုင်းချခိုင်းတာလည်းမဟုတ် ဓားထိမှာလေးကိုကြောက်နေသေးတယ် ဥနီလေးခွာခိုင်းတာကို သေချာလုပ်ရင် ဘာမှထိစရာအကြောင်းမရှိဘူး
ဟိုမှာ အခွံခွာတဲ့ဓား သေချာကိုင်ပြီးလုပ် ပြီးရင် တတ်သွားလိမ့်မယ် နင်ဘာမှမလုပ်လို့ ဘာမှမတတ်တာ လုပ်ကြည့်လိုက်"

"ဟုတ်"

ဘာမှအထွန့်ထပ်မတက်သာတော့ပဲ
အောင့်သက်သက်နဲ့သာ လုပ်လိုက်ရတော့သည်။

ခက်တယ်တော့မဟုတ်ပေမယ့် လုပ်နေကျ
မဟုတ်တော့ ဖြည်းဖြည်းတော့ လုပ်ရတာပေါ့။

ကြာတော့လည်း တဖြည်းဖြည်း ညောင်းလာသည်။
မကျွမ်းပါဘူးဆို ဘယ်လောက်တောင် သုပ်မလို့လဲမသိ။ ခွာလိုက်ရတာဖြင့် အများကြီး။

ပန်းချီဆွဲဖို့ စုတ်တံကိုင်ရမယ့်လက်လေးက ဓားထိသွားရင် အမာရွတ်ကျန်ခဲ့ဦးမယ်။

အဲ့တာကြောင့် ဟင်းမချက်ချင်တာ။
​ဒေါ်ဒေါ်ကတော့ ပညာပြသွားပြီ။ နောက်စားချင်တယ် ပြောမိရင် ဝိုင်းလုပ်ခိုင်းတော့မယ့်ပုံ။

တော်ပါပြီ။ ဘယ်တော့မှ စားချင်ရင်
ထုတ်မပြောတော့ပါဘူး။ ဒါလုပ်မယ့်အစား
ကျောင်းပိတ်ရက်ကြီးသာ မြန်မြန်ကုန်ပြီး
ကျောင်းပြန်တက်ရရင်ကောင်းမယ်။

__________

ထိုသို့ဖြင့် ကလေးတို့ပျော်မွေ့ကြသော
ကျောင်းပိတ်ရက်ရှည်ကာလကြီးကုန်ဆုံး၍
ကျောင်းများပြန်လည်းတက်ရောက်ရမည့်
အချိန်သို့ပြန်ရောက်လာလေပြီ။

ကျောင်းတွေပြန်တက်ရတော့မည်ဖြစ်သဖြင့်
Tae Hyung တစ်ယောက် ဝမ်းနည်းသလို
ရင်ခုန်သလိုဖြစ်နေမိသည်။

ဒီနှစ်မှ အဒေါ်တို့ရှိတဲ့ ဒယ်ဂူကနေ ဖေဖေနဲ့
မေမေတို့ရှိတဲ့ ဆိုးလ်ကိုပြောင်းလာရသည်လေ။

မေမေတို့နဲ့ တူတူနေရတော့မှာမို့
ပျော်သော်လည်း ဟိုမှာကျန်ခဲ့သည့်
သူငယ်ချင်းတွေကို လွမ်းမိသည်။

​နောက်ဆုံးတွေ့ရတုန်းက နှုတ်တောင်မဆက်ခဲ့ရသည်မဟုတ်ပါလား။ ကြားထဲလည်း အပြင်ထွက်ဖို့ ခွင့်မပြုကြတာမို့ သူတို့နဲ့ ပြန်လည်းမတွေ့ခဲ့ရ။

Away U (Completed)Where stories live. Discover now