အပိုင်း ၁၈

1.1K 105 2
                                    

ပင်လယ်ပြင်က ညအလင်းရောင်အောက် တလက်လက်တောက်ပနေပြီး ညလေအေးတို့ကလည်း စိတ်အေးချမ်းဖွယ်တိုက်ခတ်လို့နေသည်။

S မြို့တောင်ဖက်ရှိ ပင်လယ်အနားတွင်တည်ရှိနေသော မစ္စတာဂျေးပိုင်ဆိုင်သည့် villa တစ်ခုတွင်တော့ ကားတွေအလျိုလျိုဝင်ရောက်ကာ ဧည့်ပရိတ်သတ်တို့နှင့်ပြည့်နေ၏။

“စံအိမ်မြောက်ဖက်ကို တချက်စစ်လိုက်ဦး”

Bodyguard တစ်ယောက်၏စကားကို အခြားတစ်ယောက်မှခေါင်းညိတ်ကာ အနားမှထွက်သွားသည်။

ဒွီ... ဒွီ

ပစ္စည်းသယ်ဒရုန်းလေးတစ်ခုက ဂိတ်တံခါးနားတွင်ရှိ‌နေသော bodyguard တစ်ဦး၏ ဦးခေါင်းထက်မှဖြတ်ပျံသွားသည်မို့ အသံကြားရာကိုမော့ကြည့်ရင်း

“ဘယ်သူ့ဒရုန်းလဲစစ်!!!”

“ကျွန်‌တော်တို့ စောင့်ကြည့်ဖို့အတွက် ဒရုန်းမသုံးထားပါဘူး”

ပြန်ဖြေသံကြောင့် အချိန်မဆိုင်းပဲ လူတစ်ယောက်က ထိုဒရုန်းအားသေနတ်ဖြင့် လှမ်းပစ်လိုက်သည့်နောက်

ဝုန်း

nitrogen bomb သယ်လာသည့်ဒရုန်းဟာ အရှိန်ပြင်းပြင်းဖြင့် ပေါက်ကွဲလို့သွားသည်မို့ အနီးရှိ လူများ အဝေးသို့လွင့်စင်သွားကာ အလှကျောက်တိုင်များ၊ အဆောက်အဦးနံရံတို့ပင် ကွာကျပျက်စီးကုန်၏။

Lamborghini ပြိုင်ကားငွေမှင်‌ရောင်တစ်စီးဟာ ထိုပေါက်ကွဲမှုကို အခွင့်ကောင်းယူကာ villa ဝန်းအတွင်းသို့ ဝင်ရောက်လာ၏။

ထိုကားနောက်တွင်လည်း အနက်ရောင်ပြိုင်ကား ၆ စီးက တဖက်တချက်စီတွင် လိုက်ပါဝင်ရောက်လာကြသည်။

ဂိုဏ်းသားများအလျိုလျိုပြေးထွက်လာကြပြီး ကားပေါ်မှဆင်းလာသည့်ရိုင်ယန်တို့နှင့် တပွဲတလမ်းနွှဲကြသည်။

လူဦးရေသိပ်မများသည်က ရိုင်ယန်တို့ရောက်လာလိမ့်မည်ဟု ထင်မှတ်မထားပုံရ၏။ ဟုတ်လည်းဟုတ်သည်လေ။ S မြို့ကို လွယ်လွယ်ဝင်ခွင့်မရအောင် လီကျင်းဖောင်တို့အား ကြီးကြပ်ရေးချထားပေမဲ့ လီကျင်းဖောင်က ဘက်မတူဖြစ်နေသည်ကိုး။

The Legacy (Complete)Where stories live. Discover now