အပိုင်း ၁၃

1.3K 98 6
                                    

“အားး”

အော်ဟစ်ရင်းနိုးထလာတာကြောင့် နှလုံးအခုန်မြန်ကာ လူက မောဟိုက်နေစဲဖြစ်သည်။

“ရေလေးသောက်‌လိုက်”

မျက်နှာစိမ်းအမျိုးသမီးတစ်ဦးက သူ့အားရေခွက်ကမ်းသည်။ သူလှမ်းယူလိုက်‌တော့ ထိုအမျိုးသမီးကပြုံးသည်။

“ကလေးက အိမ်ကိုပတ်ကြည့်နေတယ်။ အစောက ငိုလိုက်တာမှလွန်ရော”

“ဪ...။ ကျေးဇူးပါ”

ခေါင်းငုံ့ကာကျေးဇူးတင်လေတော့ ထိုအမျိုးသမီးက ပြုံးမြဲပြုံးလျက်နှင့် ကြည့်လေကြည့်လေ ထိုအမျိုးသမီးဟာ တစ်စုံတစ်ယောက်နှင့်တူလေလေမို့ ဦးနှောက်ကိုအလုပ်ပေးကာ စဉ်းစားကြည့်တော့

“...ရိုင်ယန့်အမြွှာအမ...”

“သိသားပဲ‌နော်။အင်း...ခွန်းဂျူလီယာမာန်”

“မင်းထက်သျှားပါ”

လက်ထိုးပေးတာကြောင့် ပြန်လည်နှုတ်ဆက်ပြီးနောက် သူတို့စကားဝိုင်းဟာ ငြိမ်သက်သွားသည်။

“ဒါနဲ့‌လေ....စိုးရိမ်ရတာကို ကျင့်သားရပြီလား”

“ဟင်”

သူလှမ်းကြည့်တော့ ဂျုလီယာကသူ့အားပြုံးရင်း စိုက်ကြည့်လာသည်။

“ကျွန်မတို့လောက က ထိခိုက်ဆုံးရှုံးမှုတွေများတယ်”

တွေးဆကာပြောလာသည့် ဂျုလီယာဟာ အပြုံးမပျက်ပေမဲ့ ဘာကိုဆိုလိုချင်မှန်း သူသဘောမပေါက်သေး။

“အန္တရာယ်များတဲ့အလုပ်ကို ပေးလုပ်ရမယ်မှန်းသိသိကြီးနဲ့ ပေးလုပ်နိုင်ပြီလား....။ ဘယ်လောက်ပဲစိုးရိမ်ရိမ် သူလုပ်နိုင်မှာပါဆိုတဲ့စိတ်နဲ့ စောင့်နေနိုင်ပြီလား...။ အမှားတွေဘယ်လောက်ပဲရှိခဲ့ရှိခဲ့ ခွင့်လွှတ်နိုင်ပြီလား....။ ဘယ်အချိန် ကိုယ့်ကိုယ်ပါ လာထိခိုက်မယ်မသိပေမဲ့ သူ့အနားမှာပဲရှိ‌နေဖို့ သေချာပြီလား”

ထိုမေးခွန်းတွေကိုသေချာနားထောင်နေပေမဲ့ သူ့အတွက် ပြန်ပေးစရာအဖြေမရှိခဲ့ပါ။
သူတစ်ခါမှ အဲ့ဒီလောက်အထိ နက်နက်နဲနဲ မစဉ်းစားခဲ့ဖူးဘူး။

The Legacy (Complete)Onde histórias criam vida. Descubra agora