🍁23🍁

5.7K 251 3
                                    

23

Unicode
Zawgyi
~~~~~

အချိန်က ည၁၁ရှိချေပြီ။မှောင်လွန်းနေပြီဖြစ်သလို လူလည်းဆိတ်သည့်နေရာတွင်
တစ်ယောက်တည်းဖြစ်နေရသည့်အခါ
ဇက် အလိုလိုကျောချမ်းလာသည်။

ဇက်အခုရောက်နေသည်မှာ အဝေးပြေးလမ်းမကြီးတစ်ခုပေါ်​ဖြစ်သည်။ လူခေါင်သည့်နယ်ဘက်ခြားမို့ ယခုလိုညအချိန်များဆို လမ်းမကြီးက သွားလာသူတစ်​ယောက်မှရှိမနေပါ။

သူဒီလိုဖြစ်နေရတာက သူ့ရဲ့အပြစ်ကြောင့်ပါပဲ။ Bossကနယ်ဘက်ခရီးရှိတာကို
ဒီနေ့အဆင်မပြေတာကြောင့် မနက်ဖြန်မှထွက်ဖို့ရက်ရွေ့ထားသည်။

သို့ပေမယ့် သူကမနေနိုင်မထိုင်နိုင် ကိုယ်စားသွားခွင့်အတွက် Bossကိုတောင်းဆိုခဲ့သည်။ အမျိုးတွေရှိတဲ့နယ်မို့ သွားချင်တာ သူ့အပြစ်ဟုမဆိုနိုင်ပါ။

သို့သော် နယ်ကနေ ပြန်မခွာခင်ကားကိုသေချာမစစ်ဆေးခဲ့တာကိုတော့ သူမှားသည်။ လမ်းမကြီးရဲ့ထက်ဝက်ပေါ်ကိုရောက်နေချိန် ကားကဆီကုန်သွားသည်။
အနီးနားတွင်ဘာဆိုင်မှမရှိတာကြောင့်
ဆီထည့်ဖို့အဆင်မပြေချေ။ ဖုန်းက နယ်ရောက်တုန်းက တူ တူမတွေကလိခဲ့တာကြောင့်အားကုန်နေသည်။ ကားထဲအမြဲထား ထားလေ့ရှိတဲ့အားသွင်းကြိုးကလည်း ဒီနေ့မှ ထူးထူးဆန်းဆန်း ပျောက်နေသည်။

တကယ်ကို ပြဿဒါးနေ့ပဲ!
ကူပါကယ်ပါလို့လည်းအော်မရ။
ကိုယ့်အမှားသာမို့ ကိုယ့်ကိုယ်ကိုယ်သာ
ပြန်ဆဲရင်း ငြိမ်နေရသည်။

ည ၁၁ခွဲခါနီး၅မိနစ်အလိုမှာတော့ မီးရောင်စူးစူးနှင့်ကားတစ်စီးရောက်ချလာသည်။
ကားလာလိမ့်မယ်လို့ ဇက် လုံးဝကိုမျှော်
လင့်မထားခဲ့ပါ။ ယခုလိုရုတ်တရက်ရောက်ချလာတော့ မိမိမှာမဆိုင်တာတောင်ပျော်လာချင်သလို ။

ဇက် ထိုကားကိုတားဖို့ မိမိကားပေါ်ကဆင်းမယ်ကြံရော ကြက်သီးကဖြန်းခနဲ
ထလာသည်။

မကောင်းတဲ့လူတွေဖြစ်နေမှ ယခုထက်ပိုဆိုးရချည်ရဲ့။ ကားကိုလုဖို့လူကိုရိုက်သတ်နိုင်သည်။ ဒီလိုသာဆို လူမသိသူမသိသေရမှာ! ဘာဖြစ်ဖြစ် လက်ရှိအခြေနေကိုဆက်ပြီးသည်းခံတာက အကောင်းဆုံးသာဖြစ်လိမ့်မည်။

May(Complete)Wo Geschichten leben. Entdecke jetzt