Chapter 16 unicode

Start from the beginning
                                    

>>>>>>>>>
သူအိမ်ပြန်ရောက်တော့ည၇နာရီမို့...
" ကိုကို ပြန်လာတာနောက်ကျတယ်နော်၊
ထမင်းစားတော့မလား၊ဟင်းတွေနွေးလိုက်တော့
မယ်"
သူမကိုပြန်မဖြေပဲမီးအလျှံပါတဲ့မျက်လုံးတွေနဲ့ကြည့်နေတာကြောင့်...
" ဘာ ဘာဖြစ်လို့လဲဟင်...."
" မင်း ဘာလုပ်ထားလည်းမင်းကိုယ်မင်းသိမှာပေါ့"

ဖြူဖြူကလည်ချောင်းကပ်နေဟန်နဲ့တံတွေးမြိုချကာ...
" ဟင့်အင်း...."
" ရူးချင်ယောင်ဆောင်မနေနဲ့လွန်းဖြူဖြူ၊ မင်းငါ့နောက်ကွယ်မှာအဲ့လိုလိုက်လုပ်နေကြလားဟမ်..."

သြော် ဖြူဖြူကချိန်းခြောက်ယုံရှိသေးတယ်၊အဲ့မိန်းမကတကယ်တိုင်လိုက်တာပဲ...ဟက်...။
" ဟင့်အင်း ကိုကို၊ ဒါပထမဆုံးပါ..."
" ဘာဖြစ်တယ်...."
" ဒါပထမဆုံးလုပ်တာပါလို့ .."
" မင်းမှာ အဲ့လိုလုပ်ခွင့်ရှိလား၊ပြီးတော့မင်းအဲ့လို
လိုက်ပြောရအောင် နုနုနဲ့ငါကဘာလုပ်နေလို့လဲ..."
" အိမ်ထောင်ကျသွားတဲ့မိန်းမတစ်ယောက်ကသူ့
အိမ်ထဲကို ညကြီးအချိန်မတော်မှEXကိုလှမ်းခေါ်
တာလေ ကိုကို...ဖြူဖြူစိတ်မပူရဘူးလား..."
" လူနာရှိလို့ ဆရာ၀န်ကိုလှမ်းခေါ်တာကွ
လူတိုင်းကိုမင်းလိုမတွေးနဲ့...."

" ဒါဆို ကိုကိုကကောဘာလို့ အမှန်အတိုင်းပြောမ
ူသွားတာလဲ..."
"ဘာလဲ ငါကမင်းကိုကြောက်တယ်ထင်နေလို့လား"
" စကားလမ်းကြောင်းတွေလွဲကုန်တော့မယ်...
ဘာပဲဖြစ်ဖြစ် ကိုကိုတို့ကနောက်ထပ်တွေ့ဖို့မဖြစ်
နိုင်တော့လူတွေပဲမှတ်လား။
သူ့ယောက်ျားသိရင် ကိုကို့အတွက်ကောကောင်းစရာရှိလို့လား။
ကျွန်တော်မရှိတုန်း ကျွန်တော့်မိန်းမကိုစောင့်ရှောက်ပေးထားလို့ ကျေးဇူးတင်ပါတယ်..လို့ပြောမယ်
ထင်နေသလား ကိုကို...."
ဖြူဖြူမေးလိုက်တာကသူ့အရှိုက်ထိသွားတော့ဒေါသထွက်ပြီးစားပွဲကိုထုလိုက်ကာ.. ...
" ဒီမှာ လွန်းဖြူဖြူ..မင်းငါ့နောက်ကနေလိုက်ပြီး
ငါ့ကိုသိက္ခာလိုက်ချနေတာရပ်တန်းကရပ်...။
နုနုမှမဟုတ်ဘူး၊ တခြားဘယ်မိန်းမနဲ့မှလည်းငါဖောက်ပြန်မှာမဟုတ်ဘူး။ငါ့မျိုးရိုးမှာလည်းအဲ့လိုအကျင့်
မရှိဘူး။
မင်းသာသေသွားတာနဲ့ဖောက်ပြန်တာမဟုတ်ရင်
တသက်လုံးကွဲစရာအကြောင်းအရင်းမရှိဘူး...
အဲ့တာကြောင့်ကျေနပ်လိုက်တော့....."

အဖြူရောင်နုနု(complete)🚨Where stories live. Discover now