HOME ( Part - 4 )

Start from the beginning
                                    

" မေမေနဲ့ လိုက်ခဲ့ပါလား "

" ဟင့်အင်း..."

" မေမေ နဲ့လိုက်ခဲ့လေနော် "

" ဟင့်အင်း! ကျွန်တော်မလိုက်ချင်ဘူး "

ကျွန်တော့် လက်တွေကို ဆုပ်ကိုင်လာတဲ့ အေးစက်စက် အမေ့လက်များ။ ကျွန်တော့် ခန္ဓာတစ်ခုလုံး ကအကြောက်တရားရဲ့ လွှမ်းမိုးခြင်းအောက် လုံးဝကြရောက်လို့ နေပြီ။
မျက်လုံးတွေ ကို မဖွင့်ရဲလို့ ပိုတင်းတင်း မှိတ်ထားကာ မလှုပ်မရက် ခန္ဓာကိုယ်က ငြိမ်သက်နေမိသည်။

" Nanon မေမေ နဲ့ အတူလိုက်ခဲ့လေနော် "

" သားမလိုက်ချင်ဘူး...ဟင့်!..သားတကယ်ကြောက်တယ် အီး..ဟီး..."

" Nanon ! "

" ဟင့်အင်း.... သားကိုမခေါ်ပါနဲ့ တောင်းပန်ပါတယ် မေမေ "

" Nanon! "

" ဟင့်အင်း! ..."

" Nanon ကိုယ်လေ မျက်လုံးတွေ ဖွင့်ကြည့်ပါအုံး ဘာမှမဖြစ်တော့ဘူး ကိုယ်ရှိတယ် "

အမှောင် ရိပ်ထဲက ကျွန်တော့်ကို ခေါ်ထုတ်တဲ့ ထိုအသံ။ သူကျွန်တော့်ကို ပွေ့ဖက်ထားတာကြောင့် ကျွန်တော် သူ့ရင်ခွင်ထဲ ငိုနေမိခဲ့သည်။ ခန္ဓာတစ်ကိုယ်လုံး ချွေးတွေရွှဲနေသလို အသက်ရှုဖို့ပင် ခက်ခဲရလောက်အောင် ပူအိုက်လွန်းလှသည်။

ဒါပုံရိပ်ယောင်လား။ ကျွန်တော်မျက်လုံးတွေ ဖွင့်ကြည့်တော့ ကျွန်တော့်ချစ်ရသူ Ohm ရဲ့အပြုံးလှလှလေးက ဆီးကြိုသည်။ ဒါပေမဲ့ သူ့အနောက်အရိပ် တစ်ခုကြောင့် ကျွန်တော် အလန့်တကြားသူ့လက်မောင်းတွေကို ဆွဲကုတ်ကာ

" Ohm မေမေ ရှိတယ် သူ..ဟိုမှာ မင်းနောက်မှာ..ငါကြောက်တယ် Ohm မေမေငါ့ကိုခေါ်သွား တော့မှာ "

" ဘယ်သူမှမရှိပါဘူး ဒီခန်းထဲမှာ မင်းနဲ့ ကိုယ်နဲ့ဘဲရှိတယ် "

" မဟုတ်ဘူး! သူဟို လိုက်ကာ နောက်မှာ အခုတဖြည်းဖြည်း မင်းနောက်ကို ကပ်လာတယ် Ohm! .... သူ!!.."

ချစ်ရသူရဲ့ အသည်းနင့်စရာ မြင်ကွင်းကို Ohm မျက်ရည်အဝဲသားနှင့် ကြည့်နေမိသည်။ ဘယ်လို ကံကြမ္မာဆိုးကများ နှိပ်စက်ခဲ့လို့ ဒီလောက် ပြင်းထန်တဲ့ စိတ်ဒဏ်ရာမျိုးကို ခံစားရခဲ့ရတာလဲ။

Ohmnanon ||°One shot°||Where stories live. Discover now