[ 3 ] : ... ကျန့်ကောက ဂိမ်းမဆော့တာ လနဲ့ချီနေပြီလေ

[ Yuan-ge can do it ] : ... ငါသေလိုက်တော့မယ်

[ Yuan-ge can do it ] : ငါရောပဲ

ကျန့်ကောရဲ့မွေးနေ့မတိုင်ခင်နေ့မှာ ကုချီနန်က ည ၁၁ နာရီမှာ တစ်ရေးမှေးလိုက်တယ်။ သူက အိပ်ရာပေါ် အရင်လှဲလိုက်ပြီး ၁၁ နာရီ ၅၉ မိနစ်မှာ ဖုန်းနှိုးစက်ထားထားလိုက်တယ်။ သူက အချိန်မီထပြီး 0 ထိရောက်အောင် countdown ရေတွက်ကာ ကျန့်ကောဆီကို မွေးနေ့မက်ဆေ့ခ်ျတစ်စောင် ပို့လိုက်တယ်။

[ ရှောင်နန်ဇိုင် ] : Happy Birthday!

[ Rocking ] : လိမ္မာတယ်

[ Rocking ] :  အခုထိ မအိပ်သေးဘူးလား

[ ရှောင်နန်ဇိုင် ] : ငါ နှိုးစက်ထားထားတာ! မင်းကို Happy Birthday ပြောတာ ငါ ပထမဆုံး မလား

[ Rocking ] :  အင်း

[ Rocking ] : ဝုယွမ်နဲ့ လင်းရှောင်ပင်းက 0 ရောက်‌တဲ့အတိ စောင့်မှာ မဟုတ်ဘူး။ အဲ့တာကြောင့် မင်း မနက်ဖြန်မနက်မှ ကိုယ့်ကို ပြောရင်တောင် မင်းက ပထမဆုံးသူ ဖြစ်နေအုံးမှာပဲ

[ ရှောင်နန်ဇိုင် ] : ဟင့်အင်း... ငါက 12 နာရီအတိမှာ ပြောချင်တာ

[ Rocking ] : အင်း... အိပ်တော့

[ ရှောင်နန်ဇိုင် ] : အိုကေ... ဂွတ်နိုက်

[ Rocking ] :  ဂွတ်နိုက်

နောက်တစ်နေ့ သူတို့ တွေ့တွေ့ချင်းပဲ ကုချီနန်က ကျန့်မင်ရဲ့ ပါးစပ်ထဲ ချောကလတ်ကိတ်တစ်ဖဲ့ ထိုးထည့်လိုက်ပြီး ပြုံးလျက် ပြောတယ်။

“ Happy Birthday! ”

ချောကလတ်က တအားချိုတယ်။

ကျန့်မင်မှာ ဘာပြောလို့ ဘာလုပ်လိုက်ရမယ် မသိဖြစ်သွားခဲ့တယ်။ ချောကလတ်က သူ့ပါးစပ်ထဲ အရည်ပျော်သွားပြီး အချိုဓာတ်က သူ့နှလုံးသားထဲ ရောက်လာခဲ့တဲ့အခါမှ သူတို့ အတန်းသွားတက်ရအုံးမှာကို သတိရသွားခဲ့တယ်။

I'll Have My Seatmate Beat You || မြန်မာဘာသာပြန် || 『 COMPLETED 』Where stories live. Discover now