၂၁၀

3.9K 317 23
                                    

အပိုင်း (၂၁၀) 

ကလေးနှစ်ယောက်လုံးတစ်ပြိုင်တည်းရောက်လာမယ်လို့ ယန်ရှုယွီ မထင်ထားပေ။ သူမသည် နားကြပ်ကို ဖြုတ်လိုက်ပြီး speakerကို ဖွင့်လိုက်သည်။ "အိုကေ အခု ဟိုင်း လို့ပြောလိုက်ပါဦး" 

ကလေးလေးတွေသည် ဖုန်းထဲသို့ ကြည့်လိုက်ကြသည်။ သူတို့မြင်လိုက်ရသမျှကတော့ အရောင်စုံလင်နေသည့်တိမ်တိုက်တွေဖြစ်ပြီး ဒက်ဒီ/အန်ကယ်ကျိုးက ဘယ်ရောက်နေလဲဆိုတာကို လုံးဝမသိပေ။ သူတို့တွေ တွန့်ဆုတ်နေချိန်မှာပဲ ကျိုးချင်းဟယ်၏နူးညံ့သည့်အသံက ဖုန်းထဲကနေထွက်လာသည်။ "ရှောင်ယိ ယွမ်ပေါင် ညနေစာ စားကောင်းရဲ့လား?" 

ကျန်းယွမ်ကျားနှင့် ကျိုးယိတို့သည် တစ်ချိန်တည်းပြိုင်တူ ခေါင်းညိမ့်လိုက်ပြီး "အရသာရှိတယ်" 

ကျိုးယိမှာ မနေနိုင်တော့ပဲ ခေါင်းလေးငုံ့ကာ "ဒက်ဒီ ဒက်ဒီဘယ်မှာလဲဟင်?" 

"အခု ဒက်ဒီက သားတို့ကို နေထွက်တာ ပြနေတာလေ" ကျိုးချင်းဟယ်သည် ပြုံးပြီး ပြောလိုက်၏။ "သားအရမ်းကြီးကပ်လာစရာမလိုဘူး ဒက်ဒီသားကိုမြင်တယ်" 

ဇာတ်လိုက်လေးက လိမ္မာစွာဖြင့် သူ့ခေါင်းကို နောက်ပြန်ဆုတ်လိုက်သည်။ သူ့ဘော်ဒါလေးနှင့်အတူ သူသည် သူ့အဖေနှင့် ဗီဒီယိုချက်တာကို အတော်ကြာသည်အထိ ပြောလိုက်သည်။ ယန်ရှုယွီ၏အလုပ်လည်း ပြီးသွားပြီဖြစ်တာကြောင့် သူမ ပြေစာကို တောင်းလိုက်သည်။ 

သူတို့တွေ စကားပြောပြီး နေထွက်တာကို ကြည့်ပြီးသည့်အခါ ကျိုးချင်းဟယ်သည် ကင်မရာကို အရှေ့ဖက်ပြန်ချိန်လိုက်တော့ လူတိုင်းရှေ့မှာ သူ့၏ချောမောခန့်ညားလှသည့်မျက်နှာက ပေါ်ထွက်လာသည်။ ပြုံးနေရင်း မေးလိုက်သည်။ "ညစာစားပြီးသွားတော့ မင်းတို့ဘယ်သွားကြမှာလဲ?" 

သူက ယန်ရှုယွီကို မေးနေတာ သိသာသည်။ သူမသည် ပျော်ရွင်စွာဖြင့် ပြန်ဖြေလိုက်သည်။ "ရေတံခွန်ကို သွားကြည့်မလို အခုဆို အချိန်ကိုက်ပဲ" 

ကျိုးချင်းဟယ်သည် ခေါင်းအသာညိမ့်ပြလိုက်ပြီး ပြောလိုက်သည်။ "ကောင်းပြီ ကိုယ်လည်းပဲ အလုပ်နည်းနည်းဆက်လုပ်လိုက်ဦးမယ်" 

ဇာတ္လိုက္၏ဗီလိန္မိေထြး | ဇာတ်လိုက်၏ဗီလိန်မိထွေး Book IIWhere stories live. Discover now