♥4♥

3.8K 239 47
                                    

ဆောတီးပါနော်

_________________________________

ဂျောင်ကုယုန်လေးရေစွတ်ဖြစ်ပြီးအိမ်ပြန်ရောက်တော့Mrs.Jeonကစိုးရိမ်းတကြီးမေးလေသည်

"ဘယ်လိုဖြစ်လာတာလဲကုကုစံရယ် တစ်ကိုယ်လုံးလဲရွဲနေတာပဲ့"

"ဘယ်ကမှန်းမသိတဲ့ကားကြီးပေါ့မိုးရွာနေတာကိုကားကိုအကြမ်းကြီးဖြတ်မောင်းသွားတယ် လမ်းမှာရှိနေတဲ့ရေတွေကအကုန်ကုကုကိုစိုကုန်တာပေါ့"

"ယုန်လေးရေစွတ်ဖြစ်နေပြီပဲ့ မြန်မြန်အဝတ်လဲရေချိုးတော့ပြီးရင်အောက်ဆင်းလာ မားဆန်ပြုတ်ပူပူလေးလုပ်ပေးမယ်"

"မားကိုပြောစရာရှိသေးတယ် ကုကုလေ အဲဒီကားကိုစိတ်တိုလွန်းလို့ အုတ်ခဲနဲ့ကားမှန်ကိုပစ်ပေါက်လိုက်တယ်"

"ဟိုကဆင်းလာရိုက်သွားသေးလား"

"ဘာမှမလုပ်ဘူး သိပုံလည်းမပေါ်ပါဘူး အရှိန်တောင်မယွင်းသွားဘူး"

"အဲလိုမလုပ်ရဘူးနော် သူများပစ္စည်းကိုအဲလိုမဖျက်စီးရဘူးကြားလားသား"

"ကြားပါတယ်"

"သွားသွားအပေါ်တက်တော့ ခနနေ သားပါးပါးပြန်ရောက်လာတော့မှာ ရေလည်းမြန်မြန်ချိုးအုန်း"

"ဟုတ်ကဲ့မား ချစ်တယ် မွ ကုကုအပေါ်တက်တော့မယ်"

"ဒီကလေးကတော့"

Mrs.Jeonလည်းသူ့သားလေးစားဖို့ဆန်ပြုတ်နှင့်ရေနွေးလုပ်ရန်မီးဖိုခန်းသို့

အခန်းထဲတွင်တော့

ရေစိုအဝတ်စားများချွတ်ကာ ကားမောင်းသမားကိုမေတ္တာပို့နေလေရဲ့

"သေချင်းဆိုးကြီး ကာလနာကြီး ကားကိုမောင်းမဆတ်ဘူးလမသိဘူး လူမှုအသိတရားကလည်းခေါင်းပါးလိုက်တာ လူနားကဖြတ်ရင်အရှိန်လျော့မှပေါ့ အခုဟာက မဟုတ်သေးဘူး တွေးရင်းတွေးရင်းဒေါသထွက်လိူက်တာyarr!!"

"တောက်ခ်!! ကားနံပါတ်မမှတ်လိုက်တာနာတယ်ကွာ"

"ဟတ်ချိုး!!"

"နှာချေနေပြီ ရေအရင်မြန်မြန်ချိုးမှ ပြီးမှမေတ္တာပို့မယ်"

"ဟတ်ချိုး!!!"

ခန္ဓာကိုယ်မှအဝတ်အစားတို့ကိုချွတ်၍ ရေချိုးခန်းထဲအမြန်ဝင်ကာရေချိုးရတော့သည် မဟုတ်ရင်နှာစေးပြီးဖျားမှာပူရသည် ဖျားတာနှင့်ကြောင်းမဟုတ်အသစ်ရောက်လာတဲ့CEOကသူနှင့်မတည့်ခွင့်တိုင်လို့ပြဿနာရှာမှဖြင့်မခံနိုင်ပြန်ပြောရင်အလုပ်ကပြုတ်ရချည်ရဲ့ ဒါပေမယ့် အလုပ်ကလည်းပြုတ်လို့မဖြစ် မဖျားမှပဲ့

CEO "U+Z" (completed)Où les histoires vivent. Découvrez maintenant