part 56 🚨🚨🚨(uni/zawgyi)

44.4K 506 96
                                    

🍀အနှိုင်းမဲ့ချစ်ခြင်း🍀
~~~~~~~~~~~~~~~~~~
အပိုင်း (56)

သူများတွေ သတို့သမီး အင်္ကျီအစမ်းဝတ်ရင် သတို့သားတွေကမျက်တောင်မခတ်ကြည့်ကြတဲ့ခံစားချက်ကို သူအခုနားလည်လေပြီ....

သူ့အရှေ့မှာရပ်နေတဲ့ ဖြူလွှလွှသတို့သမီးလေးကို ကြည့်ရင်း ရင်ခုန်သံတွေရပ်တန့်မရခဲ့....

"ကို ရာရာလှလား"

"ကို့"

"ဟင် အင်း"

"ဘာဖြစ်နေတာလဲ ရာရာ မေးနေတာကို စိတ်ကဘယ်ရောက်နေတာလဲ"

စူပုတ်ပုတ်ဖြစ်သွားတဲ့ bunnyမျက်နှာလေးကို သူသဘောကျသွားတာမို့ ပြုံးမိသွားတော့သည်...

"ဟာ မေးတာကိုမဖြေဘဲ ရီနေတာကြည့်"

"ကိုယ့်အရှေ့က ကောင်မလေးရဲ့အလှထဲမှာမျောနေရင်း  Bunny ဘာမေးမှန်းမသိလိုက်တာ"

"ဒါဆို ရီနေတာကျကော"

"ရီနေတာက ချစ်လို့"

"ကိုယ်အခုအလုပ်ချင်နေဆုံးက bunnyကိုတအားနမ်းပစ်ချင်နေတာ"

"အယ်"

"လာ"

"ကို ဘယ်ကို "

"ရှုး"

ရာရာလက်ကိုဆွဲကာ အတင်းခေါ်သွားတာ အ၀တ်လဲခန်းကျဥ်းကျဥ်းလေးထဲကို.....

"အ"

ညှပ်ရိုးလေးကို မညှာမတာ အင်တိုက်အားတိုက်ငုံခဲလိုက် စုပ်နမ်းနေလိုက်လုပ်နေတဲ့ကို့ကြောင့်ရာရာအခက်တွေ့လာရသည်...

"ကို "

ရာရာဘက်က ဟန့်တားလိုက်မှ ကိုကရပ်သွားကာမော့ကြည့်ကာတစ်ဖန်လည်ပင်းတစ်လျှောက်ပွတ်သပ်နမ်းရှုက်နေပြန်သည်...

"အခုနကထွက်လာတည်းက ဒီညှပ်ရိုးဖြူဖြူလေးကိုအရမ်းနမ်းချင်နေခဲ့တာ"

"ဒုက္ခပါဘဲ အရာတွေ ထင်ကုန်ရင်ဘယ်လိုလုပ်မလဲ သူများတွေမြင်ကုန်မှာဘဲ"

"မြင်ပါစေပေါ့ Bunnyဘေးမှာကိုယ်အမြဲရှိနေတာ ကိုယ်လက်ချက်မှန်းလူတွေသိတာပေါ့"

"ဟင်း ဘာစကားကြီးလဲ လူမြင်မသင့်တော်တာကို"

"အာ့ဆို လူမြင်တာသင့်တော်တဲ့နေရာကိုနမ်းမယ်"

🍀အနှိုင်းမဲ့ချစ်ခြင်း🍀Where stories live. Discover now