စစ်သည်​တွေအတွက် ပြည်နယ်အစိုးရ အစီအစဥ်ဖြင့် ရန်ပုံ​ငွေပွဲ​လေး စီစဥ်ထားသည်။ ထိုပွဲမှာ အမျိုးသမီး​တွေက လက်မှုပစ္စည်းများကိုယ်တိုင်ပြုလုပ်ပြီး ချ​ရောင်းကြမည်။
Suzanနဲ့ Joannaကလည်း ထိုပွဲ​တော်ရဲ့ တစ်စိတ်တစ်ပိုင်း။
ဒါ​ကြောင့်လည်း ဒီ​နေ့မျက်စိဆံပင်​မွေးစူးရ​အောင်ကို ​ယောက်ယက်ခတ်​နေကြခြင်း။

"​ကျေးဇူးပဲ Jeonရယ်။ Suzanတို့သာ ၀ယ်ရင် ဒီ​လောက်စုံစုံစိစိရမှာမဟုတ်ဘူးရယ်"

Jeonက သူ​ဆောင်းထားတဲ့ မြက်ဦးထုပ်ပို ချွတ်ရင်း ​လေးစားသမှုပြသည်။

Jeonနဲ့ သူ့ကြားအကွာအ​ဝေက အလွန်ဆုံးရှိလှ ၅​ပေ၆​ပေ။ သို့တိုင်​အောင် လူချင်း​ဝေး​နေတာ ကြာ​လေပြီ။
​​တစ်​နွေကုန် တစ်​ဆောင်း​ရောက်လာ​ပေမယ့် ​ဝေးမြဲ​​ဝေးဆဲ။

ဘာ​ကြောင့်​ဝေး​နေတယ်လို့ ​ပြောရလဲဆို ကျွန်​တော်မ​ဖြေတတ်။ Jeonက ကျွန်​တော့်ကို အရင်လို စကား​​တွေ​ပြောပါရက်...​မေးထူး​ခေါ်​ပြောရှိပါရက် ​ကျွန်​တော့်ဘက်က ​ဝေး​နေတယ်လို့ ခံစားရဆဲ။

Jeonဟာ တစ်ခုခုကို တာဝန်​ကျေလုပ်​နေတယ်လို့ ခံစားမိဆဲ။

"ချာတိတ် ပျင်း​နေပြီလား။ ကိုယ်နဲ့ ပွဲ​​​စျေးတန်းသွားကြမလား။ အမျိုးသမီး​တွေက အလုပ်ရှုပ်​နေတယ်ဆို​တော့"

ကျွန်​တော် ​ခေါင်းမညိတ်မိခင်မှာပဲ Jeonက တိုင်မှာချိတ်ထားတဲ့ မြင်းစီးဦးထုပ်ကို ယူလာပြီး ကျွန်​တော့်​ခေါင်းမှာ ​ဆောင်း​ပေးသည်။
​ရေညှိစိမ်း​ရောင်ကတ္တီပါခြုံလွှာကို လာခြုံ​ပေးသည်။
ကတ္တီပါ​ကြောင့်မဟုတ်ဘဲ ​​နွေး​ထွေးသွားတယ်လို့ ​ပြောရင် ယုံလိုက်ပါ ခင်ဗျားရယ်။

နိဗ္ဗာန်​စျေးတန်းမှာ အမျိုးသမီးတို့က ဆိုင်ခန်း​လေး​တွေ ဖွင့်ထားကြသည်။ သူတို့ကိုယ်တိုင်လုပ်တဲ့ ကုလားထိုင်ဖုံး၊ စားပွဲခင်း၊ လက်ကိုင်ပဝါစသဖြင့် ပစ္စည်းအမျိုးမျိုး ​တွေ့ရသည်။

"အိုး...Mr. Jeon ပွဲ​စျေးလာတာလား"

"ဟုတ်တယ်ဗျ"

တ​ဖြေး​ဖြေးနဲ့ Taehyung ပွဲ​စျေးလာရတာကို မုန်းလာသည်။ Jeonက အပြင်ထွက်အလုပ်လုပ်ရသူဖြစ်တာ​ကြောင့် လူသိများသည်၊ အသိမိတ်​​ဆွေ တပုံတပင်။ လူကြီးသူမများက Jeonကို မကြည်ဖြူသည့်တိုင် သူတို့သမီး​တွေက Jeonကိုဆို သဲသဲလှုပ်။

𝑨 𝑹𝒐𝒔𝒆 𝑶𝒇 𝑮𝒆𝒐𝒓𝒈𝒊𝒂 🥀Where stories live. Discover now