နေသက်နွေးသည်၊ခေါင်းလေးစောင်းကာပြတင်းပေါက်မှမြင်ရသောလမ်းသွယ်လေးအားငေးနေဆဲ။
တချို့ကိစ္စတွေအားသူအလုံးစုံမသိရသော်လည်းအန်တီမြင့်၏ခိုင်းစေချက်အရလစဥ်ထောက်ပံ့ကြေးငွေသည်ကိိုကိုကြီးပေးခိုင်းတာပဲဖြစ်လောက်မည်။ကိုကိုကြီးမသွားခင်၊ဖုန်းအားအသစ်လဲစေကာ၊နေသက်နွေး၏ဖုန်းSim Card ကိုလည်းနေသက်နွေးမသိခင်လဲထားစေ၏။
ကိုကိုကြီးလန်ဒန်သို့ထွက်သွားသည်မှာ၃လခန့်ကြာမြင့်နေပြီဖြစ်သည်။အဆက်အသွယ်ရ၏၊မရ၏ဆိုတာနေသက်နွေး၏ပုံစံအားကြည့်ရုံနှင့်ခန့်မှန်းလို့ရနေပြီဖြစ်သည်။
" သက်နွေးလေး ။ ပိန်သွားတယ်နော် ၊ အစားရောပုံမှန်စားရဲ့လား "
နေသက်နွေးသည် မပီမသအသံလေးသာပြုလာကာတစ်ဖက်လူအားလှည့်ပင်ကြည့်မလာခဲ့ချေ။
အောင်သန့်စင်နောက်ဆုံးတွင်ပြန်ရန်သာဆုံးဖြတ်လိုက်ရသည်။တချို့ကိစ္စတွေတွင်သူပါဝင်ပတ်သက်လို့မရနိုင်ပါချေ။ သူလည်းသူ့ဘဝနှင့်သူမဟုတ်လား။မည်သို့ပင်ဆိုစေကာမူအန်တီမြင့်သည်သူ့ကျေးဇူးရှင်သာဖြစ်၏။
အောင်သန့်စင်ပြန်သွားသည်နှင့်မိုးသက်စွေကပိုက်ဆံအုပ်အားမျက်စောင်းခဲကာ၊အမေလုပ်သူထံခပ်ပြုံးပြုံးကြည့်လာသည်။
" အမေသားကို ၃သောင်းလောက်"
" သားရယ် နင့်အဖေဆေးဖိုးကရှိသေးတယ် ဒီလတော့၁သောင်းလောက်ပဲယူပါလား "
" လဝက်လောက်ကျရင်သားပြန်ပေးပါ့မယ်။ အမေ့ချွေးမကဒီလ အိုဂျီ ပြန်ပြရမှာ "
ထိုစကားကြားတဲ့အခါဒေါ်မိုးမြတ်စံလေပူသာမှုတ်ထုတ်လိုက်မိသည်။ငယ်ငယ်ရွယ်ရွယ်နှင့်အိမ်ထောင်ကျကာ၊လောကကြီးအကြောင်းတောင်ကောင်းကောင်းမသိသေးပဲ၊ကလေးအဖေဖြစ်တော့မည့်သားငယ်လုပ်သူအစားရင်လေးမိသည်။
" အကို့သားငယ်ကမလိမ္မာဘူးအကိုရယ် "
ဦးသက်ဦး၏ကျန်းမာရေးအခြေနေသည်တိုးတက်မလာခဲ့သော်လည်း၊ဒေါ်မိုးမြင့်စံကတော့တယုတယနှင့်ပြုစုနေဆဲ။ ထိုစကားအားမျက်ရည်အဝဲသားဖြင့်ပြောပြီးမှနောင်တရမိပြန်သည်။
အခန်း ( ၂၈)
Start from the beginning