PT [ 1 ]

932 43 0
                                    

( Zaw )

"ချန်းလေး"

သာယာနာပျော်ဖွယ် အသံလေးနဲ့အတူ လွင့်ပြယ်လာတဲ့
ရယ်သံလေး အဖေ ဆိုတဲ့ နာမ်စားလေးကသိပ်ကိုလှသ
ကိုး ပြည့်စုံမှုအပေါင်းနဲ့လည်း ပြည့်စုံလွန်းသည် အသက်
၅နှစ်အရွယ် ကလေးလေးတစ်ယောက်က သူ့ရဲ့အဖေရှိ
ရာကို အပြေးသွားခဲ့ပေမဲ့ ကွယ်ပျောက်သွားတဲ့ ပုံရိပ်လေး
နဲ့အတူ ပျက်ပြယ်သွားတဲ့ ရယ်သံလေး

အိပ်မက်က လန့်နိုးလာပြီး နာရီကိုကြည့်မိတော့ မနက် ၃
နာရီ ဆက်မအိပ်နိုင်တော့မဲ့ အတူတူ စာကိုသာ အာရုံစိုက်
ပြီး လုပ်လိုက်တော့သည်

၁၀ နှစ်တောင်ကြာခဲ့ပြီ အဖေက သူ့အနားမှာမရှိတော့တာ

ကလေးဆန်တဲ့ ချန်းလေးအတွက်တော့ ၁၅ နှစ်အရွယ်မှာ
တောင် အဲ့ဒီအိပ်မက်ကလေး မက်လိုက်ရင် ၅ နှစ်သား
အရွယ်ပြန်ရောက်သွားသလို

မိုးစက်ကလေးတွေဟာ မိုးအမည်နဲ့ မြေထုပေါ်ကိုကျဆင်း
ကြသည် ထို့နှင့်အတူ ချန်းလေးရဲ့ အမေ အယုံလွယ်မှု
ကြောင့် ပျက်ဆီးသွားတဲ့ သူတို့ရဲ့ စီးပွားရေး ဘာမှမရှိတော့
တဲ့အဆုံးမှာ ခိုလှုံရာကို ရှာရဦးမည်

မိုးလေးဖွဲဖွဲရွာတဲ့ နွေရာသီမှာ တစ်စုံတစ်ယောက်ကတော့
စိတ်ညစ်နေတော့သည် ဘယ်လိုလုပ် နွေရာသီကြီး မိုးက
အချိန်အခါမဟုတ် ရွာရတာတုန်း

"ဂျယ်မင်း"

အခန်းပြင်က အော်ခေါ်သံတစ်ခုနှင့်အတူ ဂျယ်မင်း နှုတ်ခမ်း
ဆူကာ တံခါးသွားဖွင့်လိုက်သည်

"မနက်ဖြန် အိမ်မှာတည်းမဲ့သူတွေလာလိမ့်မယ် သေချာ
ဆက်ဆံနော်"

အဲ့ဒါကတော့ ဂျယ်မင်းအတွက် အဆိုးဆုံးသာ သူက တစ်
ဖက်သားနဲ့ အဆင်ပြေရန်ကခက်ခဲသည် အမေဖြစ်သူကို
ဘာမှပြန်မဖြေဘဲ တံခါး ပိတ်ချသွားသည် စိတ်ပျက်စရာ
ကောင်းလောက်အောင် မပြုံးချင်လည်း ပြုံးပြရဦးမည်

"အလကား ကိုယ့်ပါကိုယ်တခြားအိမ်ငှားနေကြပါလား"

စိတ်ပျက်ပျက်နဲ့ ပြောဆိုလိုက်ရင်း ဂျယ်မင်း ကုတင်ပေါ်လှဲ
လှောင်းလိုက်သည် အလုပ်ပိတ်ရက်ကလည်း တကယ်အ
ကျိုးမပေးပါ မိုးရွာတာကို ကြည့်နေရသလို သူများအပေါ်ကို
လည်း ကောင်းကောင်းမွန်မွန်ဆက်ဆံရမဲ့ နေ့တွေက
ရောက်လာဦးမည်တဲ့လေ

အခ်စ္ဆိုသည္မွာ... { အချစ်ဆိုသည်မှာ ...}जहाँ कहानियाँ रहती हैं। अभी खोजें