" အမေ .. "
ကျော်ဇေယံထွဋ်နေသက်နွေးအားသူ့နောက်ပို့လိုက်ကာ၊လက်လေးအားဆုပ်ကိုင်ထား၏။
အေးစက်နေသည့်လက်ဖဝါးလေးမှအထိတွေ့သည်သူ့နှလုံးသား၏ဟိုးအနက်ရှိုင်းဆုံးအထိထုံကျဥ်ကိုက်ခဲစေသည်။
" ရောက်လာပြီလား ။ ထိုင်အုံး အမေပြောစရာရှိတယ် "
ကျော်ဇေယံထွဋ်နားလည်လိုက်ပြီဖြစ်သည်။ အမေ့အကြောင်းသူ့ထက်ပိုသိတဲ့လူမရှိပါချေ ။ အမေကမြွေပွေးနှင့်တူတယ်လို့အဖေအမြဲပြောဖူးသည်။ ငြိမ်သက်နေပေမဲ့အချိန်မရွေးအဆိပ်ပြင်းသည့်လျှာတွေထုတ်သုံးလာတက်သည်တဲ့ ။
" နွေး ရှင်းသန့်နဲ့ခဏသွားနေနော်။ ပြီးရင်ကိုယ်လာခေါ်မယ် "
ဆံပင်အိအိကလေးတွေအားဖွရင်းပြောလိုက်တော့မျက်လုံးဝိုင်းဝိုင်းလေးဖြင့်တသစွာမော့ကြည့်လာ၏။
ကျော်ဇေယံထွဋ်မပြုံးပြနိုင်ခဲ့။ ရင်ထဲမွန်းကြပ်ကာမခွဲရကြေးဘာတွေပဲပေးဆပ်ရ၊ပေးဆပ်ရ။
" မြတ်သူ ပြောထားတဲ့ကိစ္စကိုသိတယ်မဟုတ်လား ။ နင်မလာဘူးဆိုတာသိလို့ ငါလိုက်လာတာ "
" အမေသားအဖြေကိုသိရဲ့သားနဲ့"
" ငါလိုချင်တဲ့အဖြေမှမဟုတ်တာ။ ငါလည်းသက်နွေးကိုချစ်ပါတယ် ။ ငါသားသမီးချင်းကိုယ်ချင်းမစာရလောက်အောင်အထိကိုယ်ကျင့်တရားမခေါင်ပါးသေးဘူးကျော်ဇေယံထွဋ်။ ဒါပေမဲ့ ကိုယ့်သားသမီး ရှေ့ရေးကိုအလေးမထားတတ်တဲ့မိဘလည်းဟုတ်မနေဘူး "
ကျော်ဇေယံထွဋ်ထိုင်ပြီးနောက်တွင်အမေ့အားကြည့်လိုက်မိသည်။
" အမေနွေးကိုမယုံတာသားသိပါတယ် ။ တကယ်လိုများ နွေးတခြားတစ်ယောက်ကိုစွဲလမ်းသွားတယ်ဆိုရင်သားမဆွဲထားရက်ပါဘူး"
" အဲ့အချိန်ကျရင် နင်ရူးသွားမှာလေ..!! "
မိခင်တစ်ယောက်အနေနဲ့ထိုစကားကိုပြောရသည်မှာရင်နာလှ၏။ နေသက်နွေး၏ရောဂါအရဒါဟာချစ်ခြင်းမေတ္တာဆိုယုံနိုင်ဖွယ်မရှိ၊အကယ်၍ပြင်ဆင်ခြင်းမရှိပါပဲထွက်သွားမည်ဆို ရူးသွပ်နေသည့်သားကိုသူမမြင်ချင်ပါချေ ။
အခန်း ( ၂၇)
Start from the beginning