အခန်း ( ၂၇)

Start from the beginning
                                    

ဆိုင်ရှင်လင်မယားသည်တိတ်ဆိတ်သွား၏။ နေသက်နွေးကအစားနည်းသလို၊အစားလည်းနှေးချေသည်။ကျော်ဇေယံထွဋ်ကအမြဲတမ်းအမှီလိုက်နှေးပေးကာစောင့်ပေးတတ်၏။

" ရခိုင်မုန့်တီသောက်ရင် အစပ်တွေသိပ်မထည့်နဲ့နော် "

" ဟုတ် .. "

~

ငါးပေါသောဒေသဖြစ်တာကြောင့်မုန့်တီ၏အရည်မှာချိုကာအရသာရှိချေသည်။ ငရုတ်သီးစိမ်းထောင်းအား၊မထည့်ခင်ကျော်ဇေယံထွဋ်အားမော့ကြည့်လာသောမျက်ဝန်းဝိုင်းဝိုင်းတွေကြောင့်မနေနိုင်စွာပင်ရယ်လိုမိသည်။

" အများကြီးမထည့်နဲ့ ... နောက်နေ့ဆို မင်းအဆင်မပြေလောက်ဘူးနော် နွေး "

" ဟွန် ~ "

ထိုစကားကြောင့်နေသက်နွေးနားမလည်သလိုအသံလေးပြုကာ၊ဝိုင်းစက်နေသောမျက်ဝန်းတွေဖြင့်စိုက်ကြည့်လာ၏ ။

ရှားပါးလှစွာပင်ကျော်ဇေယံထွဋ်၏နားရွက်တွေနီရဲလာကာ၊လက်သီးဆုပ်လေးနှုတ်ခမ်းနားတေ့လို့အရှက်ပြေချောင်းဟန့်လိုက်ရသည်။

~

မေလလယ်လောက်ရောက်တဲ့အခါမိုးကရွာလိုက်၊နေကပူလိုက်နှင့်ခြံတွင်းရှိသစ်ရွက်လေးတွေမှာရိရော်နေပြီဖြစ်သည်။

ကျော်ဇေယံထွဋ်၏ခွင့်ရက်ရှည်မှာတစ်ဝက်နီးပါးဖြစ်လာပြီဖြစ်သည်။

နေသက်နွေးအိမ်ထဲထမင်းအိုးတည်နေရင်းဆိုယ်ကယ်သံကြောင့်ကိုကိုပြန်လာပြီအထင်နဲ့အိမ်ရှေ့ထွက်လာတဲ့အခါ အန်တီမြင့်ကိုမြင်လိုက်ရသည်။

" ကို ...ကို ..ဆေး.. ရုံ.. ဆေးရုံ.. "

" ရတယ် စောင့်မယ် "

ဒေါ်မြင့်စကားအားဖြတ်ပြောလိုက်ပြီးနောက်နေသက်နွေးအားတစ်ချက်ကြည့်၏။ အောင်သန့်စင်သည်​ဆိုင်ကယ်ပေါ်တွင်သာထိုင်နေခဲ့ကာ၊အပေါ်သို့တက်မလာပါချေ ။

" ဒီရက်ပိုင်း အိမ်ပြန်ဖြစ်သေးလားသက်နွေး "

နေသက်နွေးရိုကျိုး၊ရိုးရှင်းစွာပင်ခေါင်းခါပြ၏။

" ခဏပြန်လိုက်ပါအုံးလား ။ သားအမေသားကိုပြောစရာရှိနေတယ် "

နေသက်နွေး လက်ချင်းစိတ်လှုပ်ရှားစွာပွတ်သပ်လိုက်မိသည်။ခေါင်းသေးသေးလေးအားစောင်းရင်း တွန့်သွားသောပခုံးပါးလေးမှာအဆုံးတွင်တုန်ယင်လို့။

နေရောင်ခြည်လို   နွေးWhere stories live. Discover now