အပိုင်း✨🍁(၃၃)

Mulai dari awal
                                    

အိမ်မက်ကိုပြန်တွေးရင်း အတိတ်တစ်ခုမှာ သူကသျှင်းငယ်ကိုနာကျင်စေခဲ့သည်ကို ပြန်မြင်ယောင်လာမိတော့ ဒဝီဦးခိုက်ရင်ထဲတင်းကျပ်လာရသည်။
အိမ်မက်နှင့်လက်‌တွေ့တွင် အစပိုင်းသူနှင့်သျှင်းငယ်တွေ့ဆုံပုံကလွဲလျှင် ကျန်သည့်အရာများကမတူညီပေ။
အိမ်မက်ထဲကသျှင်းငယ်နှင့် ယခုလက်တွေ့ကသျှင်းငယ်၏အပြုအမူများမှာလည်း အနည်းငယ်ကွဲပြားသည်။ထိုအတိုင်းပဲ အိမ်မက်ထဲက ဒဝီဦးခိုက်နှင့် သူနှင့်လည်း ဘယ်နည်းနှင့်မျှတူလိမ့်မည်မဟုတ်ပေ။

အိမ်မက်ထဲကဒဝီဦးခိုက်က ချစ်ရသူအားမရွေးချယ်ပဲ ရက်ရက်စက်စက်ပစ်ခွာခဲ့ပေမယ့် သူကတော့ ထိုကဲ့သို့ဘယ်‌သောအခါမှပြုလုပ်လိမ့်မည်မဟုတ်။သူ့ဘဝ၏နောက်ဆုံးထွက်သက်ရောက်သည့်အချိန်ထိ သျှင်းငယ်ကိုအတတ်နိုင်ဆုံးကာကွယ်ပေးသွားမည်။အိမ်မက်ထဲကလိုနာကျင်ခံစားရမှုများအား သျှင်းငယ်ကိုမည်သည့်အခါမှမခံစားရအောင် သူကာကွယ်စောင့်ရှောက်မည်။မည်သည့်အရာနှင့်ပဲယှဉ်လာလာ သူ၏ရွေးချယ်မှုက တစ်ခုထဲသောဖြစ်တည်မှုလေးဖြစ်သည့် သျှင်းဓနနောင်ဆိုသည့်လူသားလေးပင်။

ထို့နောက် ဒဝီဦးခိုက် အေးချမ်းစွာအိပ်ပျော်နေသော သျှင်းငယ်၏ကိုယ်လုံးလေးအား ရင်ခွင်ထဲအသာပွေ့ယူကာ နှဖူးပြင်နုနုပေါ် အနမ်းတစ်ပွင့်ကို ဖွဖွလေးချွေလိုက်သည်။

ဘဝအဆက်ဆက်ပြောင်းလဲလို့
ခန္ဓာတွေကူးပြောင်းပြီး
ရုပ်နာမ်တွေမတူညီခဲ့တော့ရင်တောင်
မောင့်နှလုံးသားက
မင်းကိုအမြဲမှတ်မိနေမှာပါ သျှင်းငယ်....

********

"အရှင်..."

"အွန်း..."

"ကျွန်တော်မျိုးတို့ အရင်ကစီစဉ်ထားတဲ့ဒုတိယအစီအစဉ်ကိုအရန်သင့်ပြင်ဆင်ထားလိုက်ရမလားအရှင်..."

"မလိုဘူး...မင်းမှာသစ္စာလူမှာဂတိတဲ့ ...ငါကယောင်္ကျား ဒီသဘောတူညီမှုက ရလဒ်အတိုင်း ငါလက်ခံမယ်...ငါ့ဘက်ကစပြီးချိုးဖြတ်မှာမဟုတ်ဘူး..."

"ဒါပေမဲ့...."
ကိုယ်ရံတော်ဆက်‌အထွန့်တက်မလို့ကြံရွယ်ခိုက်မှာပဲ အရှင်သတိုးသင်္ခ၏အကြည့်စူးစူးကြောင့် စကားများကိုအသာမြိုချ‌၍ ခေါင်းငုံ့လိုက်သည်။

ပယင်းကြိုးသီ ချစ်သောမောင့်ဆီ(Complete)Tempat cerita menjadi hidup. Temukan sekarang