part 55(uni/zawgyi)

Start from the beginning
                                    

"ဖြေးဖြေးနော်အကို သိပ်တော့မမောင်းနဲ့"

"ဘာမှတောင်မလုပ်ရသေးဘူး မင်းတို့နှစ်ကောင်အသံထွက်နေရင် ငါဂေဟာကိုပြန်ပို့မှာ"

"စတာကို အကိုကလည်း"

"ဒါနဲ့ပူစူးမရော"

သူရဲ့bunnyကတော့ ဒီနေ့ဘာနေ့လဲဆိုတာတောင်မေ့သွားသလိုဘဲ သူရဲ့တစ်၀မ်းတည်းမဟုတ်တဲ့ မောင်နှမတွေကိုတန်းစီမေးနေလေသည်...

"ပူစူးမက မလိုက်တော့ဘူးတဲ့ သူက သူကောင်လေးနဲ့မကြာခင်လက်ထပ်တော့မှာတဲ့"

"ဟယ် ဟုတ်လား"

"သားငယ် စကားများမနေကြနဲ့လေ လူကြီးတွေစောင့်နေကြပြီ"

ဒီလိုနဲ့ရာရာကိုတောင်းရမ်းပွဲလေးက အဆင်ပြေပြေပြီးသွားကာ အန်တီထားပုံစံကလည်းရာရာကို လိုလားတဲ့ပုံပြနေတာမို့ မေမေတို့လည်းအဆင်ပြေပြေရှိလှသည်....
ဒါပေမယ့် အန်တီထားမအိမ့်သက်အပေါ် ဆက်ဆံတဲ့ပုံကိုကြည့်ရတာတစ်မျိုးကြီးဖြစ်နေလေသည်....

"Bunny မင်္ဂလာပွဲကို မန်းလေးမှာလုပ်မလား ရန်ကုန်မှာလုပ်မလား"

"မန်းလေးမှာတော့မလုပ်တော့ပါဘူး ဟိုတစ်ခါတုန်းကလည်းမန်းလေးမှာဆောင်တာဆိုတော့ဒီတစ်ခါ ရန်ကုန်မှာဘဲလုပ်ကြရအောင်"

"Bunnyသဘောအလိုကျပါခင်ဗျ"

"ဒါနဲ့ကို မအိမ့်သက်ပုံစံကြည့်ရတာတစ်မျိုးကြီး ရာရာဘဲအထင်မှားနေတာလား"

"သူလား ထားလိုက်ပါ စိတ်ထဲမထားနဲ့bunny"

"ဘာလဲကိုက ရာရာကသူစိမ်းဖြစ်နေတုန်းမို့ အိမ်တွင်းရေးကိုမပြောပြချင်တာလား"

"ကိုယ်အဲ့လိုစိတ်မရှိတာ မင်းသိရက်နဲ့ မင်းမို့လို့ထင်ရက်တယ်"

ရာရာကမအိမ့်သက်အကြောင်းသိချင်ဇောနဲ့ မေးလိုက်မိကာမှ စကားအမှားတွေဖြစ်ကာ ကိုကစိတ်ဆိုးသွားတော့သည်....

"ရာရာတောင်းပန်ပါတယ်ရာရာကသိချင်ဇောနဲ့ "

"မတောင်းပန်နဲ့Bunnyအဲ့ဒီတောင်းပန်တယ်ဆိုတဲ့စကားက မင်းဒီတစ်သက်ပြောတာအခုနောက်ဆုံးဖြစ်ပါစေ မင်းကိုတစ်သက်လုံးတောင်းပန်သွားမယ့်လူက ကိုယ်ဘဲဖြစ်ရမယ် မင်းမှားလည်းကိုယ်ချော့မယ် ကိုယ်မှားလည်း ကိုယ်ဘဲချော့မယ် "

🍀အနှိုင်းမဲ့ချစ်ခြင်း🍀Where stories live. Discover now