10(Z/U)

159 27 2
                                    

အန္တရာယ် ကျရောက်ရင် သူ့ကိုအသိပေးဖို့ ဘေဘီ့ကို ပေးထားတဲ့ ခလုတ်စက်လေးဟာ မြေပြင်ပေါ်မှာအက်ကြေနေသည်ကို တွေ့လိုက်ရချိန် သူ့ရင်ထဲမှာတင်းကျပ်မှုက တစ်ပြိုင်နက်ပင်..

ဘေဘီ့ကိုမတွေ့ရဘဲ ဘေဘီ့ရဲ့သူငယ်ချင်းနှစ်ယောက်ကိုသာ သတိလစ်အနေအထားဖြင့်တွေ့ခဲ့ရသည်။

သည်နေရာကိုရှာတွေ့ပုံက Sehun ကျေးဇူးကြောင့်သာပင်. သူသာ သူ့ကောင်လေးနဲ့ ဘေဘီတို့တွေ့ဆုံဖို့ ချိန်းထားတာကိုသတိမရခဲ့ရင် ဒီနေရာကိုရှာတွေ့မည်လော။

.
.

Kyung Soo သတိလစ်ပြီးပြန်နှိုးလာချိန်ဂိုထောင်ပျက်တစ်ခုထဲက ကုတင်အဟောင်းလေးပေါ်မှာပင်..

ဖြေးဖြေးလေးလှုပ်ရှားရုံနဲ့တင် နာလာသော ဝမ်းဗိုက်ကဓားဒဏ်ရာ။

သူ၏ဒဏ်ရာက မပြင်းထန်လို့ မသေသေးဘူးထင်ပါရဲ့။ ယခုအချိန်မှာသူအမျှော်လင့်ဆုံးက ဒယ်ဒီ့ကိုပင်။

ဒီတိုင်းအိပ်နေရင်တော့မဟုတ်သေးလောက်ဘူးမို့ ဖြေးညင်းစွာ ကုတင်ပေါ်မှထထိုင်လိုက်လေရဲ့။

နာကျင်နေသော ဒဏ်ရာကိုလစ်လျူရှုရင်းပေါ့..

ထထိုင်ပြီးနောက် ပတ်ဝန်းကျင်ကိုလေ့လာမိသည်။ ဂိုဒေါင်ပျက်ထဲမှာမှ သူအခုထိုင်နေသောကုတင်တစ်လုံးရယ် ကုတင်အရှေ့က ထိုင်ခုံလေးရယ် သူရယ်သာရှိသည်။ အေးခမ်းတဲ့အငွေ့အသက်ကလွှမ်းချုံလို့ပေါ့..

အေးတဲ့ရာသီအလျောက် သူ့ဒဏ်ရာဟာလည်း ယခင်နာသည်ထက် နှစ်ဆမျှပိုနာကျင်ခဲ့လာရသည်။

အခန်းထဲကကောင်လေးရဲ့ နာကျင်မှုပုံရိပ်ကို ဖန်သားပြင်ပေါ်ကနေ မျက်နှာအမူအရာမျိုးစုံနဲ့ကြည့်နေသော မိန်းကလေးတစ်ဦးရှိလို့နေသည်။

သေချာပေါက် Song Minaပင်။
တကယ်တော့ Song Mina ဟာ Doh Kyung Sooဆိုသောကောင်လေးကိုဒီလောက်နာကျင်အောင်လုပ်ဖို့အထိမတွေးခဲ့ပေ။ ဒီတိုင်းဖမ်းချုပ်ကာ Park Chanyeolကို နာကျင်အောင်လုပ်မည်ဟုသာတွေးထားခဲ့သည်။ သူနာကျင်ခဲ့ရသလိုမျိုးပေါ့...

ဒါပေမဲ့ အစီအစဉ်တကျမဖြစ်လာခဲ့..သူ့ရဲ့အလွန်ငတ်ပြတ်နေပါသော ကိုယ်ရံတော်ရဲ့ စိတ်လိုက်မှန်ပါ ပြုလုပ်မှုကြောင့် ထိုကောင်လေးဟာထိခိုက်ခဲ့ရပြီ။

💖✨💎SUGAR DADDY✨💎💖Where stories live. Discover now