7(U/Z)

246 36 2
                                    

အခု တစ်ပါတ်ရှိပြီ ေဘဘီ့နဲ့မတွေ့ရတာ၊ လွမ်းလိုက်တာဘေဘီ့ကို ဒါပေမဲ့ဘေဘီ့အိမ်ကိုလိုက်သွားခဲ့တုန်းက ဘေဘီကသူ့ကိုနာနာကျည်းကျည်းနဲ့နှင်လွှတ်ပစ်ခဲ့တာ။

တကယ်တော့သူ့ဘက်ကမှားတယ်ဆိုတာသိတယ်။ ဒါပေမဲ့ဘယ်လိုဆက်လုပ်ရမလဲသူ့ကိုယ်သူတောင်မသိတော့ပါ။

တစ်ခုတော့ရှိတယ် Mina ကသူ့နဲ့ ဘေဘီမကွဲကွဲအောင်တမင်လုပ်နေတာဖြစ်သည်။

ဒါကြောင့်သူအခု Mina ဆီကိုသွားဖို့ပြင်လိုက်သည်။

ဒါပေမဲ့ပြန်တွေးမိတာက Song Minaကသူအဲ့လောက်အရေးယူပြီးလုပ်ဖို့မှမလိုဘဲဒါကြောင့်မသွားတော့ဘဲ Yixingဆီဖုန်းဆက်ကာ...

"Hello Yixing ...........

~~~~~~~~~~~~~~~

Song Mina ခမျာ မနေ့ကနိုင်ငံခြားကပြန်ရောက်..ဒီနေ့မှာတော့ နာမည်ပျက်..သူလုံးဝမစသင့်တဲ့သူကိုစမိလိုက်တာပဲ့...

သတင်းခေါင်းစဥ်က တက်သက်စ မင်းသမီးSong Mina club တွေမှာပျော်ပါးကာ!#$%^..

စတဲ့သတင်းများကိုတွေ့လေတော့ Song Mina မှာ သွေးတက်လေသည်။

ထို့နောက်ခဏလေးအတွင်းမှာပင် Song Mina ကို Company အများအပြားမှ စာချုပ်ဖျက်သိမ်းလိုက်ကြသည်ပင်....

~~~~~~~~~~~

ထိုသတင်းကိုကြည့်ကာပျော်နေသည်က Park Chanyeol..

ဒါပေမဲ့ကြာကြာမပျော်နိုင်..သူဘေဘီ့ကိုချော့ရဦးမည်မလား..

ဒါကြောင့်သတင်းကိုကြည့်ပြီးခဏအတွင်းအလောတကြီး အပေါ်ဝတ်ကုတ်ကိုဝတ်ဆင်ကာ ဘေဘီ့အိမ်သို့ခြေဦးတည်ရသည်။

.
.
.
သူလာသည်ကို ယောက္ခမလောင်းများကကြိုဆိုကြသော်လည်း သူ့ရဲ့အသဲနှလုံးအူတုံးလေးကတော့ ရှာမတွေ့။ သူရှာနေသည်ကိုသိသည့်အလား..ommonyi က..

"သားငယ်လေးကအပေါ်ထပ်မှာပါကွယ် တက်ကြည့်လိုက်ပါနော်"

"ဟုတ်ကျေးဇူးပါ ommonyi.."

Chanyeol ပြောကြီးတာနဲ့အပေါ်ထပ်သို့ လျင်မြန်စွာပြေးတက်သွားသည်။

အပေါ်ထပ်ရောက်လေတော့ ဘေဘီ့ရဲ့အခန်းတံခါးအရှေ့မှာပဲ့ရပ်နေမိသည်။ မဝင်ရဲတာတော့မဟုတ်။ ဘေဘီ့ရဲ့စိမ်းကားတဲ့စကားတွေကိုသူနားမထောင်ဝံ့ပေ။

💖✨💎SUGAR DADDY✨💎💖Where stories live. Discover now